Thursday, August 28, 2014

ထိုင်းတွင် မြန်မာအလုပ်သမားသားအမိ ၃ ဦး အသတ်ခံရ


ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီခရိုင်မှာ မြန်မာအလုပ်သမား သားအမိ ၃ ဦး အသတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ထောင်း ဖာဖူးမြို့ နယ် ဟွေ့ခိုင်ကျေး ရွာအုပ်စုက ရာဘာခြံထဲမှာ လူသတ် မှုဖြစ်ပွားကြောင်း သတင်းပေး ချက်အရ ကန်ချန ဘူရီ ခရိုင် ထောင်း ဖာဖူးမြို့မရဲစခန်း တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီနေရာမှာ ရာဘာခင်း အလယ်က ၀ါးတဲအိမ်ထဲမှာ ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတဦးနဲ့ မိန်းကလေးငယ် ၂ ဦးတို့ရဲ့ အလောင်းတွေကို တွေ့ရှိရတယ်လို့  စခန်းမှူး ဒုရဲမှူး ၀ိနိုင်း ထနားဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူတွေဟာ မဌေး (အသက် ၄၂ ) နှစ်၊ မအေး (၉) နှစ် နဲ့ မပီး ( ၃ ) နှစ်တို့ဖြစ်ပြီး ရာဘာခြံ အလုပ်သမား နိုင်ပလိုင်း ရဲ့ ဇနီးနဲ့သမီးတွေ ဖြစ်ကာ နိုင်ပလိုင်း ငါးသွားမျှားနေတုန်း အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

လူသတ်သမားကို ဖမ်းဆီးရမိဖို့အတွက် အနီးနားပတ်ဝန်းကျင်က သက်သေတွေ ခေါ်ယူစစ်ဆေးနေကြောင်း ၊ ရွာသားတွေက ၂၆ ရက်နေ့ ည ၈ နာရီလောက်က သူတို့တဲနားမှာ အော်သံလိုကြားမိကြောင်း၊ တဲတခုနဲ့ တခုဝေးတော့ လာမကြည့်ဖြစ်ကြောင်း၊ မနက်မိုးလင်းတဲ့အခါ သေဆုံးသူဟာ ရာဘာစေး လာခြစ်တာ မတွေ့ရတဲ့အတွက် အိမ်ကိုလာကြည့်မှ အသတ်ခံရမှန်းသိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

လူသတ်တရားခံကို ဖမ်းမိဖို့ ဆက်လက်စုံစမ်းနေပြီး ဒီအမှုမှာ တရားခံဟာ အမျိုးသမီးကို ခင်ပွန်းမရှိခိုက် မုဒိမ်းကျင့်ဖို့ ကြံရွယ်တာဖြစ်နိုင်ကြောင်း ကလေး ၂ ဦးကိုလည်း နုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်ခဲ့တာလို့ ရဲစခန်းက ခန့်မှန်းထား တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List