Friday, August 29, 2014

ရုရှားတပ်ဖွဲ့များ၏ အကူအညီဖြင့် သူပုန်များက စစ်မျက်နှာနှစ်ဖက်တွင် တိုက်ခိုက်နေကြောင်း ယူကရိန်းစစ်တပ် ထုတ်ပြန်


သူပုန်များက ရုရှားတပ်ဖွဲ့များ၏ အကူအညီဖြင့် စစ်မျက်နှာနှစ်ဖက်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည် ဟု ယူကရိန်း စစ်တပ်၏ သြဂုတ် ၂၈ ရက် ထုတ်ပြန်ချက် စီအင်န်အင်န်သတင်း တစ်ရပ်တွင် ဖော်ပြထား သည်။

သူပုန်များသည် တင့်ကားများကို အသုံးပြုကာ ဒိုနီတက်မြို့အရှေ့တောင်ဘက်နှင့် ရုရှားနယ်စပ်မှ ၁၂ မိုင် (ကီလိုမီတာ ၂၀) ကွာဝေးသည့် တောင်ဘက်ကမ်းရိုးတန်းမြို့ နိုဗိုအာဇော့တို့ကို ၀င်ရောက်တိုက် ခိုက်နေကြောင်း ယူကရိန်းအစိုးရ၏ ဒွန်ဘတ်စ်စစ်စခန်းမှ ဒုတိယတပ်မှူး မီခေလိုလီဆန်ကိုက ပြော ကြားသည်။ “ပေါ်ပေါ်တင်တင် ကျူးကျော်ဝင်ရောက်မှုတစ်ခုပါပဲ” ဟု လီဆန်ကိုက ပြောကြားသည်။

ရုရှားတပ်ဖွဲ့များအနေဖြင့် ယခုဖြစ်ပွားခဲ့သည့် နောက်ဆုံးတိုက်ပွဲများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေ ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူ များက ပြောကြားထားသော်လည်း ရုရှားအစိုးရက ငြင်းဆိုထား သည်။

ထောက်လှမ်းရေးအချက်အလက်များအရ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀ ခန့်သည် လက်နက်ကြီးများနှင့်အတူ ယူကရိန်းနိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်အရာရှိတစ် ဦးက စီအင်န်အင်န် သတင်းဌာနသို့ သြဂုတ် ၂၈ ရက် က ပြောကြားသည်။

ရုရှားတပ်ဖွဲ့များက သြဂုတ်၂၇ ရက် မတိုင်မီကပင် နိုဗိုအာဇော့မြို့ကို သိမ်းပိုက်ထားကြောင်း ယူကရိန်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့များက Grad ရော့ကတ်များဖြင့် အဆိုပါမြို့တွင်းနှင့် မြို့ပြင်များသို့ ပစ်ခတ်ခဲ့ပြီး တင့်ကား ယာဉ်တန်းနှစ်ခုနှင့် အခြားစစ်လက်နက်များကို ရုရှား၏ ရိုစတော့ဗ်ဒေသမှ တစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

“ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ အသက်မသေချင်ရင် ဆုတ်ခွာပေးဖို့ အမိန့်ပေးခံရပါတယ်။ ညနေပိုင်းမှာ တင့်ကားတပ်တွေဝင်လာလို့ မိမိတို့ တပ်ဖွဲ့တွေအနေနဲ့ အနောက်ဘက်မှာ ရှိတဲ့ မာရီရူပေါမြို့မှ ခြေကုပ် သွားယူထားပါတယ်” ဟု NDSC က ဖော်ပြသည်။

သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ယူကရိန်း ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ်အာဆန်နီ ယက်ဆန်ယွတ်က ယခုပြဿနာနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းဝေးတစ်ရပ်ကို ခေါ်ယူပြီး ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး အထက်လွှတ်တော်၏  လုံခြုံရေး၊ကာကွယ်ရေးကော်မတီ လက်ထောက်အကြီးအကဲ အီဗန်နီ ဆာရီဗရန်နီကော့ဗ်က  ရုရှားတပ်ဖွဲ့များက ယခုကဲ့သို့ကျူးကျော် ၀င်ရောက်ကြောင်း စွပ်စွဲချက်မျးကို ငြင်းဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List