Tuesday, August 26, 2014

အမေရိကန်ဂျာနယ်လစ် ဖိုလေအား စစ်သွေးကြွများ သတ်ဖြတ်ခြင်းခံသည့် နေရာကို ဗြိတိန်ဘလော့ဂါတစ်ဦး ခန့်မှန်း



ဗြိတိန်ဘလော့ဂါတစ်ဦးဖြစ်သူ အီလီရော့ဟစ်ဂင်က အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးအား IS အစ္စသွေး ကြွများက သတ်ဖြတ်ခဲ့သည့် နေရာကို ဂြိုဟ်တုဓာတ်ပုံများ၊ မြေပုံများနှင့် ဗီဒီယိုအတွင်းပါသည့် နောက်ခံနေ ရာများကို အခြေခံကာ ခန့်မှန်းတွက်ချက်လိုက်သည်။

အဆိုပါနေရာသည် ဆီးရီးယားနိုင်ငံ ရက္ကာမြို့အနီးတွင် ဖြစ်ကြောင်း ဆီးရီးယားပြဿနာ အား လေ့လာစုံစမ်းနေ သူ အသက် ၃၅ နှစ်အရွယ် ဟစ်ဂင်က ပြောကြားသည်။

ကင်မရာကို မြောက်ဘက်သို့ ချိန်ထားပြီး ရက္ကာမြို့တောင်ဘက် အနည်းငယ်လှမ်းသော တောင်ကုန်း တစ်ခုပေါ်တွင် ဖိုလေ အား သတ်ဖြတ် ခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုအတွင်း ပေါ်နေသည့် အရိပ်များအရ နံနက်ခင်း အချိန်ဖြစ်နိုင်ကြောင်း ဟစ်ဂင်က ပြောကြားသည်။

ဖိုလေအား သတ်ဖြတ်ခဲ့သောနေရာ နောက်ဘက်တွင် တောင်ကြားလမ်းနှစ်ခု ကိုလည်း တွေ့ရှိခဲ့ရ သည်။

“ဂျိမ်းစ်ဖိုလေ အသတ်ခံရတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုထဲမှာ ပါရှိတဲ့ အချက်အလက်တွေက အရမ်း နည်းပါတယ်။ ဒါပေမယ့် ရက္ကာမြို့ေ တာင်ဘက်မှာလို့ ကောက်ချက်ချနိုင်တဲ့အတွက် ကျန်တဲ့အကျဉ်းသား တွေကိုလည်း စစ်သွေးကြွတွေက ဒီမြို့မှာပဲ ဖမ်းဆီးထားတာ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။

Ref:Daily Mail
Mizzima - News in Burmese

No comments:

Post a Comment

My Blog List