Friday, August 29, 2014

ဓမ္မစေတီခေါင်းလောင်း တူးဖော်နေသည့် ရန်ကုန်မြစ်တွင် နဂါးသေပေါ်ဟု ပုံမှားရိုက် လုပ်စား


ရန်ကုန်မြို့တော် အပါအဝင် နိုင်ငံ၏တစ်ဝန်း ပြည်သူလူထု၏ စိတ်ဝင်စားမှု မြင့်တက်နေသော ဓမ္မစေတီ ခေါင်းလောင်း တူးဖော်နေသည့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း သုံးခွဆုံရာတွင် နဂါးသေ ပေါ်သည်ဟုဆိုကာ ပုံမှားရိုက်ပြီး လူထုစိတ်ဝင်စားမှု မြင့်တက်လာရန် လုပ်ကြံဖန်တီးကာ စီးပွားရေး အမြတ်ထုတ်သူများက ဓာတ်ပုံများ ရောင်းချသည်အထိ လုပ်စားမှု သြဂုတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ် ခဲ့သည်။

“နဂါးအသေ ပေါ်တယ်ဆိုပြီး လူတွေ အုတ်အော်သောင်းတင်း ဖုန်းက Viber တွေနဲ့ ပို့နေကြတယ်။ ဖုန်း ဆက်ပြီး ပြောတဲ့လူကလည်း ပြောတယ်” ဟု အဆိုပါနေရာတွင် ရောက်ရှိနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းဓာတ်ပုံမှာ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ခေါင်းလောင်း ဆယ်ယူမှုကို သွားရောက်ကြည့် ရှုသည့် သာကေတမြို့နယ် ရှုခင်းသာအနီးရှိ ကမ်းနားတွင် ယင်းသတင်း စတင်ထွက်ပေါ်ပြီး ပရိသတ်များ အကြား မိုဘိုင်းလ်ဖုန်းများဖြင့် အပြန်အလှန် ဓာတ်ပုံပေးပို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဓာတ်ပုံများကို ဓာတ်ပုံထုတ်ကာ ပလတ်စတစ်လောင်းပြီး တစ်ပုံတစ်ထောင်ဖြင့် လိုင်းကားအချို့ပေါ်တွင် တက်ရောက် ရောင်းချသည်များလည်း ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် ရန်ကုန်မြို့ခံများက ပြောဆိုသည်။

သို့သော် ယင်းဓာတ်ပုံအမှန်မှာ အာဂျင်တီးနားနိုင်ငံ ဘရာဇီးမြစ်အတွင်း အန်နာကွန်ဒါ အမျိုးအစား မြွေသေကြီးကို လှေဖြင့်ဆွဲလာသည့် ဓာတ်ပုံသာ ဖြစ်ပြီး ယင်းဓာတ်ပုံကိုhttp://heavy.com/social/2014/06/giant-anaconda-brazil-argentina-picture တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List