Thursday, August 28, 2014

မန္တလေးပဋိပက္ခ အမှုဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးကို ထပ်တိုးဖမ်းဆီး



မန္တလေးပဋိပက္ခ နှင့် ပတ်သက်၍ (၁၂)ကြိမ်မြောက်ရုံးချိန်းစစ်ဆေးရာတွင် ဟာဂျီထွန်း ထွန်း၏ဇနီး ဒေါ်မာမာနီကို ထပ် တိုး၍ စွပ်စွဲခံရသူအဖြစ် ပျဉ်းမနားတရားရုံးက အမိန့်ချဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။ဟာဂျီထွန်းထွန်း၏ ဇနီး သည် တရားလိုသက်သေအဖြစ် ထည့်သွင်းခြင်း ခံထားရသော်လည်း အစိုးရဥပဒေရုံးမှ စွပ်စွဲခံရသူအဖြစ် လျှောက် ထားခြင်း ကြောင့် ထိုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယင်းစွပ်စွဲဖမ်းဆီးခံရသူကို လည်း ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ဃ)၊ (င)၊ (ည)နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၁၁ (လီဆယ်တိုင်ကြားမှု) ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း ရှေ့နေဦးတင်ဝင်းအောင်က ပြောသည်။

‘‘ကတုံးမရဲ့ ထွက်ဆိုချက်ထဲ မှာ ဒေါ်မာမာနီက ပါဝင်ပတ်သက် နေတယ်လို့ ပါတဲ့အတွက် အစိုးရ ဥပဒေ ရုံးကနေ လျှောက်တဲ့အ တွက် အခုလို ဖမ်းဆီးလိုက်တာ ပါ’’ဟု အရေးပေါ်အမိန့်ချပြီး ဖမ်းဆီးခဲ့ခြင်းကြောင့် (၁၂) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးရာတွင် ကျန်ရှိသည့် တရားလိုပြ သက်သေများအား စစ်ဆေးခြင်းမရှိခဲ့ကြောင်း ရှေ့နေ ဦးအောင်သူရှိန် ထွန်းက ပြောသည်။

‘‘ဒီလို ဖမ်းဆီးလိုက်တဲ့အ တွက် အမှုကို တစ်ကနေ ပြန်စရ တော့မယ်။ အမှုက ကြာမယ့်အ နေအထား ပြန်ဖြစ်သွားပြီ’’ဟု ၎င်းက သုံးသပ်ပြောဆိုသည်။အဆိုပါဖမ်းဆီးမှုသည် ဥပဒေကြောင်းအရ မညီသောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှု အနေဖြင့် တက်ရောက်သွားမည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ထပ်မံဖမ်းဆီးခံထားရသူကို ပျဉ်းမနားမြို့မ အမှတ်(၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။

မန္တလေးပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခြင်း ခံထားရ သော မဖြူဖြူမင်း(ခ) ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်းထွန်း တို့ လေးဦးအား ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည)နှင့် ပြစ်မှုဆိုင် ရာ ပုဒ်မ ၂၁၁ (လီဆယ်တိုင်ကြား မှု) ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထား ရသည်။ ထို့အပြင် ရဲထွဋ်နှင့် နုနု မြတ်တို့မှာ လ.ဝ.က ၆(၁) (၂) တို့ဖြင့် ထပ်မံတရားစွဲခံထားကြရ သည်။

ဇူလိုင် ၁ ရက်က ဖြူဖြူမင်း အား ဘာသာခြား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သ တင်းများ ထွက်ပေါ်လာသော ကြောင့် မန္တလေးမြို့တွင် ပဋိပက္ခ များ ဖြစ်ပွားရာမှ လူနှစ်ဦး သေ ဆုံး၊ ရှစ်ဦးဒဏ်ရာရရှိကာ ညမ ထွက်ရအမိန့် ထုတ်ခဲ့သည်။ ယခု အခါ ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ စက်တင်ဘာ ၁ ရက်တွင် တရားရုံးက ထပ်မံစစ်ဆေးရန် ရုံးချိန်း သတ်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List