Wednesday, August 27, 2014

ဦးဆန်းဆင့်ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး အရေးကြီး၊ အစိုးရသက်သေ သုံးယောက် စစ်ဆေးရန် တရားရုံး အမိန့်ချ


ယုံကြည်အပ်နှံ အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် တရားရင်ဆိုင်နေရသော သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား စစ်ဆေးရာတွင် တရားလိုမှ တင်သွင်းသော သက်သေ များတွင် အမှန်တကယ် အရေးကြီးသော သက်သေ သုံးဦးမပါရှိခြင်းကြောင့် ဒက္ခိဏခရိုင်တရားရုံးက ယင်းသက်သေ သုံးဦးအား စစ်ဆေးရန် အမိန့်ချလိုက်သည်။

ဦးဆန်းဆင့်၏ အမှုအား ရှေ့နေအဖြစ် ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက “အစည်းအဝေးတစ်ခုမှာ ပါဝင်တက်ရောက်တဲ့ ဒု-၀န်ကြီးများဖြစ်တဲ့ နိုင်ငံခြားရေး ဒု-၀န်ကြီး၊ ပြန်ကြားရေး ဒု-၀န်ကြီး၊ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်စတဲ့ ပုဂ်္ဂိုလ်တွေ အစည်းအဝေး တက်တယ်၊ အဲ့ဒီလို အစည်းဝေးတွေမှာ တက်တဲ့သူတွေက အခုဒီအမှုမှာ သက်သေတွေအဖြစ် မပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ရှေ့နေဦးတင်ထွန်းက ၎င်းတို့၏ အမည်များကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ၊ လော့်ရန်တွင် ရွှေတိဂုံစေတီတော်ပုံတူ တစ်ဆူအား တည်ထားကိုးကွယ်ရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ဦးဆန်းဆင့်အနေဖြင့် နိုင်ငံတော်အကြည်အညိုပျက်စေသော စကားအသုံးအနှုန်းများ ပြောဆိုခဲ့သည်ဟုဆို ကာပုဒ်မ ၁၂၄(က) ဖြင့် ထပ်မံတရားစွဲဆိုခံရခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဒု-၀န်ကြီး၊ ပြန်ကြားရေးဒု-၀န်ကြီးနှင့် သမ္မတရုံးဒု-ညွှန်ကြားရေးမှူးချုပ် တို့အပြင် အခြားလူပုဂ်္ဂိုလ် ၃၀ ဦးခန့်တက်ရောက်ခဲ့ပြီး ဦးဆန်းဆင့်အမှုအတွက် လိုပြသက်သေစာရင်းတွင် ယင်းတို့ သုံးဦးပါဝင်ခြင်း မရှိသဖြင့် တရားရုံးက ဆင့်ခေါ်ခြင်းဖြစ်သည်။

ပြစ်မှုကြီးမှုအမှတ် ၄၂/၁၄၊ ပုဒ်မ၁၂၄ (က) အမှုအတွက် သာသနာရေးဝန်ကြီးအသစ် ဦးစိုးဝင်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူး ဦးစိန်မော်နှင့် ဦးအောင်သူမင်း (ဦးဆန်းဆင့် ကိုယ်ရေးအရာရှိ)တို့အား စစ်ဆေးခဲ့သည်။

ထို့အပြင် ပြစ်မှုကြီးမှုအမှတ် ၄၁/၁၄၊ ပုဒ်မ ၄၀၉/၁၀၉ အတွက် သာသနာရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေ(ငွေစာရင်းဌာန) တစ်ဦးကိုသာ စစ်ဆေးခဲ့သည်။

ဒက္ခိဏခရိုင်တရားရုံးတွင် ၀န်ကြီးဟောင်းအနေဖြင့် ကျန်းမာရေး အာမခံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည့်အတွက် တိုင်းအဆင့်သို့ ထပ်မံလျှောက်ထားခဲ့ရာ မန္တလေးတိုင်းရုံး၌ သြဂုတ်လ ၈ ရက်တွင် အာမခံလျှောက်လဲချက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List