Thursday, August 28, 2014

ရုရှားတင့်ကား ၁၀၀ လောက် ယူကရိန်းနယ်စပ်ထဲ ၀င်ရောက်


ရုရှားတင့်ကားအစီး ​၁၀၀ ​လောက်နဲ့ ​ရုရှားစစ်သားတွေဟာ ​ယူကရိန်းနိုင်ငံပိုင် ​နယ်စပ်ထဲကို ​ဖြတ်ကျော်လာ ခဲ့တယ်လို့ ​ယူကရိန်း ​စစ်တပ်က ​ပြောပါတယ်။ရုရှားကို ​ထောက်ခံတဲ့ ​ယူကရိန်း ​သူပုန်တွေ ​ခြေကုတ် ယူ ထားတဲ့ ​ဒေါညက်စ်မြို့နဲ့ ​ကီလိုမီတာ ​၈၀ ​လောက်ဝေးတဲ့ ​နေရာမှာ ​ရုရှားတင့်ကား ​တစ်ရာလောက် ​အပြင် ​ဒုံးကျည် ​ပစ်လွတ်ရေး ​ကိရိယာတွေ ​ကိုပါ ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​စစ်ပစ္စည်းတွေကို ​ဒေါညက်စ်မြို့နဲ့ ​လူဟန့်စ်မြို့က ​ဈေးထဲမှာ ​ဝယ်လို့ ​မရနိုင်တဲ့ ​အတွက် ​အဲဒီစစ် ပစ္စည်းတွေဟာ ​ရုရှားနိုင်ငံကပဲ ​ဖြစ်ရမယ် ​လို့လည်း ​ယူကရိန်း ​ဘက်က ​စွပ်စွဲထားပါတယ်။

တကယ်လို့ ​ရုရှားဘက်က ​စစ်သားတွေနဲ့ ​စစ်ပစ္စည်းတွေ ​ပို့ဆောင် ​ခဲ့ကြောင်း ​မှန်ကန် ​မယ်ဆိုရင် ​ရုရှားနဲ့ ​ယူကရိန်း ​အကြား ​ဆက်ဆံရေး ​ပိုမို ​ဆိုးဝါးလာမှာ ​ဖြစ်ပါတယ်။

မကြာခင်တုန်း ​ကပဲ ​မြို့ငယ်တစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​တိုက်ခိုက်မှု ​အတွင်း ​ယူကရိန်း ​စစ်သားက ​သူပုန် အယောက် ​၂၀၀ ​လောက်ကို ​ပစ်သတ်ခဲ့သလို ​တင့်ကားတွေ၊ ​ဒုံးကျည် ​တချို့ကို ​ဖျက်ဆီး ​လိုက်ပြီလို့ ​ပြောပါတယ်။

ဒါ့အပြင် ​ယူကရိန်း ​စစ်သား ​၁၃ ​ယောက်လည်း ​ကျဆုံးခဲ့ရပြီး ​၃၆ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ ​ရုရှားအနေနဲ့ ​ဥရောပ ​တိုက်ကို ​ပို့ပေးနေတဲ့ ​ဓာတ်ငွေ့တွေကို ​ရပ်တန့်ဖို့ ​ရှိတယ်လို့ ​ယူကရိန်း ​ဘက်က ​ပြောပါတယ်။

မကြာခင် ​ဥရောပ ​တခွင်မှာ ​ကျရောက်မယ့် ​ဆောင်းရာသီ ​အတွင်း ​ရုရှားကသာ ​အနွေးဓာတ်ပေးနိုင်တဲ့ ​ဓာတ်ငွေ့တွေကို ​ဖြတ်တောက်လိုက်မယ်ဆိုရင် ​အနောက်တိုင်းနိုင်ငံနဲ့ ​ရုရှားအကြား ​ဆက်ဆံရေးလည်း ​ပိုမို ​တင်းမာဖို့ရှိပါတယ်။

ဥရောပနိုင်ငံအများအပြားဟာ ​ရုရှားနိုင်ငံဆီက ​ဓာတ်ငွေ့တွေအပေါ် ​မှီခိုနေရတာဖြစ်ပြီး ​အဲဒီဓာတ်ငွေ့ပိုက် တွေက ​ယူကရိန်းကို ​ဖြတ်ကျော် သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​ဇွန်လတုန်းကလည်း ​ရုရှားဟာ ​ယူကရိန်းနိုင်ငံကို ​ပို့ပေးနေတဲ့ ​ဓာတ်ငွေ့တွေကို ​ဖြတ်တောက်ခဲ့ပါ တယ်။

ABC

No comments:

Post a Comment

My Blog List