Friday, August 29, 2014

ကမ္ဘာတ၀ှမ်း အီပိုလာပိုး ကူးစက်ခံရ သူပေါင်း ၃၀၀၀ ရှိ


ကမ္ဘာပေါ်မှာ ​အီဘိုလာ ​ရောဂါပိုး ​ကူးစက်ခံရသူ ​အယောက်ပေါင်း ​၃၀၀၀ ​လောက် ​ရှိကြောင်း ​အတိအကျ ​သိရပြီ ​ဖြစ်ပေမယ့် ​အဲဒီထက် ​၄ ​ဆလောက် ​ကူးစက်ခံရနိုင်တယ်လို့ ​ကမ္ဘာ့ ​ကျန်းမာရေးအဖွဲ့က ခန့်မှန်းထား ပါတယ်။

ရောဂါကို ​ထိန်းသိမ်း ​နိုင်တဲ့ ​အခြေအနေ ​မရောက်ခင် ​လူပေါင်း ​နှစ်သောင်း ​လောက် ​ကူးစက် ​ခံရနိုင်ပြီး ​အခုလောလောဆယ် ​သတင်းမပေးပို့ကြတာ ​ဖြစ်နိုင်တယ်လို့ ​ကမ္ဘာ့ ​ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

အခု ​လောလောဆယ် ​အီဘိုလာ ​ပိုးကြောင့် ​Liberia၊ ​Sierra ​Leoneနဲ့ ​Guinea ​နိုင်ငံမှာ ​လူပေါင်း ​၁၅၀၀ ​သေဆုံးခဲ့ရပြီ ​ဖြစ်ပါတယ်။

ရောဂါ ​ပြန့်ပွားမှု ​ဖြစ်နေတဲ့ ​နိုင်ငံမှာ ​ကျန်းမာရေး ​ဝန်ထမ်း ​မလုံလောက်မှုတွေ၊ ​ကုသရေး ​ဌာနမှာ ​လူ ​နာ ​ပြည့် ​လျှံ ​နေတာ ​တွေကို ​တွေ့ခဲ့ရ ​တဲ့အတွက် ​အဲဒီနိုင်ငံတွေကို ​အကူအညီ ​ချက်ခြင်းပေးဖို့ ​လိုတဲ့အကြောင်း ​အဲဒီနိုင်ငံတွေကို ​သွားရောက်လည်ပတ်ခဲ့တဲ့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​အကြီးအကဲ ​ဒေါက်တာ ​Luis ​Sambo ​က ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List