Friday, August 29, 2014

ကန်ဒေါ်လာ သန်း ၄၈၀ ကုန်ကျမည့် နေစွမ်းအင်သုံး လျှပ်စစ်စက်ရုံနှစ်ရုံ ဆောက်ရန် ကန်-မြန်မာ သဘောတူ


မဂ္ဂါဝပ် ၁၅၀ စီထွက်ရှိမည်ဖြစ်ပြီး ကန်ဒေါ်လာ ၄၈၀ သန်းကုန်ကျမည့် နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေး စက်ရုံနှစ်ရုံကို မန္တလေးတိုင်းဒေသကြီး တွင် တည်ဆောက်သွားရန် အမေရိကန်နှင့် မြန်မာတို့ သဘော တူ (MOA) လက်မှတ်ရေးထိုးခဲ့သည်ဟု ရန်ကုန်အခြေစိုက်ကန်သံရုံးက သတင်းထုတ်ပြန်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(၂)တွင် အမေရိကန် နိုင်ငံအခြေစိုက် ACO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ သြဂုတ် ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် သည်။

အမေရိကန်ကုန်သွယ်ရေးဌာန၊ ၀န်ကြီး Micheal Forman က “ဒီလိုမျိုး ကြိုးပမ်းအားထုတ်မှုမျိုးဟာ သမ္မတ အိုဘားမားရဲ့ ရင်ထဲကကုန်သွယ်မှု အာဂျင်ဒါရဲ့ ဖွံ့ဖြိုးမှု အဓိပ္ပာယ်သတ်မှတ်ချက်တွေကို အထောက်အကူပြု ပါလိမ့်မယ်” ဟု ပြောသည်။

ယင်းစီမံကိန်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေခြင်းသည် နှစ်နိုင်ငံလုံးမှ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များကို အခွင့်အလမ်း ပွင့်စေမည်ဖြစ်ကာ ပြည်တွင်းနှင့် ကမ္ဘာတစ်ဝှမ်း ၀င်ငွေတိုး တက်စေမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဖြစ်စေမည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ပြီးစီးမည့် ယင်းစီမံကိန်းသည် အမေရိကန်က မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုအချို့ လျှော့ချအပြီးတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု များအနက် တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် မိတ္ထီလာခရိုင်တို့တွင် တည်ဆောက် မည်ဟု မျှော်မှန်းထားသော အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံသားများ လျှပ်စစ်ဓာတ်အားရရှိမှု တည်ငြိမ်ရေးသာမက မြန်မာ့စီးပွားရေး ကို တိုးတက်စေမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးစေမည်ဟု ဆိုသည်။

အဆိုပါလျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံအမျိုးသားလျှပ်စစ်ဓာတ်အားကွန်ရက်သို့ ထည့်ဝင်မည်ဖြစ်ပြီး မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိရှိမည်ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်မည့် မြင်းခြံနှင့် မိတ္ထီလာခရိုင်မှ ဒေသခံများသည် ယင်းရင်းနှီးမြှုပ်နှံမှုမှ သင်တန်းများ၊ အခြေခံအဆောက်အအုံများစသဖြင့် အကျိုးကျေးဇူးရရှိမည်ဟု အမေရိကန် သံရုံးမှ ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်မည့်ဒေသများနှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် မြို့သာစက်မှုဇုန်အတွက် ထုတ်လုပ်မှု၊ အရင်းအမြစ်များ၊ စွမ်းအင်များ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List