Friday, August 29, 2014

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အသုံးပြုနိုင်ရေး ဆွေးနွေးမှုများ စတင်ရန် အဆိုပြု


အိန္ဒိယက ၂၀၁၆ ခုနှစ်တွင် မြန်မာ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံကို ဆက်သွယ်နိုင်ရန် စီစဉ်ထားသည့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးအတွက် နိုင်ငံဖြတ်ကူး သယ်ယူပို့ဆောင်ရေး သဘောတူညီချက်နှင့် ပတ် သက်သော ဆွေးနွေးပွဲများကို စတင်လုပ်ဆောင်သွားရန် အဆိုပြုထားကြောင်း အိန္ဒိယထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် (အရှေ့) အန်နီးလ်ဝဒ္ဒ၀က ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံ-အိန္ဒိယ ပညာရှင်ကွန်ရက်အစည်းအဝေးတွင် ပြောကြားရာ၌ စီးပွားရေးစင်္ကြံများပေါ် ယာဉ်များနှင့် ကုန် စည်များ သယ်ယူပို့ဆောင်နိုင်ခွင့်အတွက် လိုအပ်သောသဘောတူညီချက် ရရှိပြီးမှသာလျှင် အရှေ့တောင် အာရှနှင့် ဆက်သွယ်ပေးမည့် ဆက်သွယ်ရေးစင်္ကြံ၏ လမ်းတံတားများကို အသုံးပြု၍ရနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

“ဒါကြောင့်မို့ ကျွန်တော်တို့က အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ သုံးနိုင်ငံ အဝေးပြေးလမ်းမအတွက် သယ်ယူ ပို့ဆောင်ရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ဖို့ အဆိုပြုထားပါ တယ်”ဟု ၎င်းက ပြောသည်။

အိန္ဒိယအနေဖြင့် နိုင်ငံတွင်းရှိသည့် ဒုတိယအလွှာနှင့် တတိယအလွှာ မြို့ကြီးများသည် အာဆီယံတွင်ရှိ သော မြို့ကြီးများနှင့် တစ်နှစ်ပတ်လုံးဆောင်ရွက်မှုမျိုးဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ကို မည်သို့ဆက်သွယ်သွားနိုင်မည်ကို ကြည့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းသို့ဆောင်ရွက်နိုင်ပါက အာဆီယံတွင်ရှိသော မြို့တော်များနှင့် အိန္ဒိယတွင်ရှိသော မြို့ကြီးများသာမက ပဲ လေကြောင်းဆက်သွယ်မှု တိုးချဲ့ကျယ်ပြန့်လာရေးအတွက် အထောက်အကူ ဖြစ်သွားလိမ့်မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

အိန္ဒိယနှင့် စီးပွားရေး ပွင့်လန်းလာစ အရှေ့တောင်အာရှဒေသကြား ကုန်သွယ်ရေးနှင့် ဆက်ဆံမှု ပိုမိုမြှင့် တင်ရန် အိန္ဒိယ အရှေ့မျှော်ဝါဒအတွက်လည်း အရေးကြီးဆုံးအပိုင်းဖြစ်သော မြန်မာနှင့် အိန္ဒိယကုန်းတွင်း ပိတ် အရှေ့မြောက်ဒေသကြား ပေါင်းကူးလမ်းစီမံကိန်း အချိန်မီပြီးစီးရန် လိုအပ်ကြောင်း ပညာရှင်များက ပြောသည်။

အိန္ဒိယ-မြန်မာ ပေါင်းကူးစင်္ကြံလမ်း ဖွံ့ဖြိုးရေးဆီသို့ဟူသော အစီရင်ခံစာတစ်ရပ်လည်း ထုတ်ပြန်ထားရာ အရှေ့မြောက်ပိုင်း ပြည်နယ် လေးပြည်နယ်နှင့် နယ်စပ်ချင်း ကီလိုမီတာ ၁,၆၀၀ ကျော် ထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယ အရှေ့မြောက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အခရာကျ အရေးပါလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List