Tuesday, August 26, 2014

ကုလကိုယ်စားလှယ် မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ် အဆုံးသတ်


ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်  ဗီဂျေနမ်ဘီးယားဟာ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေကို အကူ အညီပေးရေးအခြေအနေတွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အကြမ်းဖက်မှုတွေအပေါ် အရေး ယူဆောင်ရွက်မှု အခြေအနေတွေကို လေ့လာပြီးနောက် မြန်မာပြည်ခရီးစဉ်ကို အဆုံးသတ် လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နမ်ဘီးယားဟာ သူ့ရဲ့ ၈ ကြိမ်မြောက် မြန်မာ ပြည် ခရီးစဉ်အတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်ဖို့ဆိုတဲ့ အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက်  ကျဉ်းမြောင်းတဲ့ အလုပ်တွေကို ဘေးဖယ်ထားပြီး ယုံကြည်မှုရှိကြဖို့ ပါဝင်ပတ်သက်သူအားလုံးကို မစ္စတာနမ်ဘီးယားက  အတွင်းရေးမှူးချုပ်ကိုယ်စား တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်  က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း မြန်မာသမ္မတနဲ့သာမက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီဖြစ်စဉ်တွေမှာ ကုလသမဂ္ဂက အကူအညီပေးမယ့် ကိစ္စတွေ ပြောဆိုဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

My Blog List