Friday, August 29, 2014

အင်းစိန်၌ ခုံးကျော်တံတားအသစ် ဆောက်လုပ်မည်


နေ့စဉ်ကြုံတွေ့နေရသော ယဉ်အသွားအလာပိတ်ဆို့မှုအား တစ်ဘက်တစ်လမ်းမှဖြေရှင်းသွားနိုင်ရန် အတွက် လက်ရှိအင်းစိန်ခုံးကျော်တံတားနှင့် ကပ်လျက်၌ ဝိုင်ပုံသဏ္ဍာန် ခုံးကျော်တံတားအသစ် တစ်ခု ထပ်မံဆောက်လုပ်မည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ စုံစမ်းသိရသည်။

ဆောက်လုပ်မည့်တံတားမှာ (၂)လမ်းသွားအကျယ် ပေ(၁၅၅၇) ရှည်လျားမည်ဖြစ်ပြီး (၁)လမ်းသွားအကျယ် (၁၆) ပေ အရှည် (၆၀၃) ပေရှည်လျား မည်ဖြစ်ပြီး (၂)လမ်းသွားမှာ အင်းစိန်ဈေးဘက်မှ စော်ဘွားကြီး ကုန်းဘက် လမ်းသစ်လမ်းပေါ်သို့နှင့် (၁) လမ်းသွားမှာ အင်းစိန်ဈေးဘက်မှ အင်းစိန် ဘောလုံးကွင်း ဗဟို လမ်းပေါ်သို့(၅၀) ဘက်စကား ဂိတ်အားဖြတ်ကျော် တည်ဆောက်သွားမည်ဖြစ်သည်။ တံတားအရှည် စုစုပေါင်း (၂၁၆၀) ပေနှင့် အလယ်တိုင်ပေါင်း (၂၅) ခုပါဝင်မည်ဖြစ်သည်။

ဆောက်လုပ်ရေးစီမံကိန်းအား မြန်မာ့မီးရထားမှ ရရှိထားသော ဘက်ဂျက် ငွေဖြင့် သံကူကွန်ကရက်ယက်မ များသွန်းလုပ်ခြင်းနှင့် ကနဦးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့ကိုသာဆောင်ရွက်နေပြီး တံတားတစ်ခုလုံး တည်ဆောက်ရန် ကုမ္ပဏီအား ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ယခုနှစ် ဇွန်လကတည်းက စတာ နောက်နှစ် မတ်လမှ ပြီးဖို့ မျှော်မှန်း ထားတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တည်ဆောက်မည့် အင်းစိန်ခုံးကျော်တံတားအသစ်တည်ဆောက်ပြီးစီးပါက တံတားအဟောင်း အသွား/အပြန် တူးဝေး အသုံးပြုနေရာမှ အင်းစိန် ဈေးဘက်သို့အပြန်လမ်းကြောင်းအတွက် သီးသန့် ဝမ်းဝေး အဖြစ် အသုံးပြုမည်ဖြစ်ပြီးတံတားအသစ်အား အင်းစိန်ဈေးဘက်မှ အသွား လမ်းကြောင်း ခွဲဖြာ ဝမ်းဝေးအဖြစ် အသုံးပြုမည်ဖြစ်ကာ ကျောက်ရေတွင်း ခုံးကျော်တံတားနောက် ဒုတိယမြောက် ဝိုင် ပုံသဏ္ဍာန် ခုံးကျော် 
တံတားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

သော်ဇင်စိုး
The Myanmar Age

No comments:

Post a Comment

My Blog List