Wednesday, August 27, 2014

မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်းအများအပြား နုတ်ထွက်


ခြောက်လအတွင်း လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်း ၂၀၀ ခန့်က မိမိတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးအပေါ် စိုးရိမ်လာသောကြောင့် အလုပ်မှ နုတ်ထွက်သွားကြောင်း လေကြောင်းလိုင်းက သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မလေးရှားလေကြောင်းလိုင်းအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ မှတ်တမ်းကောင်း များရှိခဲ့သော်လည်း မတ် ၈ ရက်က MH370 လေယာဉ်ပျောက်ဆုံးမှုနှင့် ဇူလိုင်၁၇ ရက်က MH17လေယာဉ် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

ထို့ကဲ့သို့ ဖြစ်ပွားခဲ့မှုများကြောင့် မိသားစုများက စိုးရိမ်ပူပန်မှုများဖြစ်လာကာ ၀န်ထမ်း ၁၈၆ ဦးက အလုပ်မှ နုတ်ထွက် သွားခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

“MH 17 လေယာဉ် ပစ်ချခံရအပြီးမှာ အလုပ်ထွက်တဲ့သူ ပိုများခဲ့ပါတယ်။ အခုတော့ ပုံမှန်လောက်ပဲ ရှိပါတော့ တယ်။ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် မိသားစုဝင်တွေက စိုးရိမ်ပြီး အလုပ်ထွက်ခိုင်းတယ်လို့ ၀န်ထမ်းတွေက ပြောပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လေယာဉ်မတော်တဆဖြစ်စဉ်နှစ်ခုတွင် လေယာဉ်အမှုထမ်း ၂၇ ဦးအပါအ၀င် လူပေါင်း ၅၃၇ ဦး သေဆုံးခဲ့သည်။

ဝန်ထမ်းများ လျော့နည်းသွားသောကြောင့် ကျန်ရှိနေသည့် ၀န်ထမ်းများမှာ တစ်နေ့လျှင် ၁၂ နာရီအထိ အလုပ်လုပ်နေရကြောင်း သတင်းအချို့ တွင် ဖော်ပြထားသည်။

အဆိုပါ လေကြောင်းလိုင်းအနေဖြင့် ယခုလေယာဉ်မတော်တဆမှုမဖြစ်ပွားမီ သုံးနှစ်ကပင် အရှုံးပမာ ဏ ဒေါ်လာ ၁ဒသမ ၃သန်းရှိခဲ့ပြီး ယခုနှစ် ပထမသုံးလတွင် ဒေါ်လာ ၁၃၇ သန်း အရှုံးပေါ်ခဲ့ရာ MH370 လေယာဉ်ပျောက်ဆုံးသွားမှုကြောင့် အများဆုံးဖြစ်သည်။

ဝန်ထမ်းစုစုပေါင်း ၁၉၅၀၀ ဦး ရှိခဲ့သည့် မလေးရှားလေကြောင်းလိုင်းအနေဖြင့် ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List