Thursday, August 28, 2014

နိုင်ငံရေးဆွေးနွေးပွဲမှာမှ UWSA၊ NDAA တက်ရောက်မည်


မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နဲ့ ရှမ်းပြည် နယ်အရှေ့ပိုင်းအခြေစိုက် NDAA မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့  တို့ဟာ အနာဂါတ် မှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်မယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  NDAA မိုင်းလားအဖွဲ့ ရဲ့ ဒုတိယဦးစီးချုပ် ဦးခမ်းမောင်က RFA ကို အခုလိုပြော ပါတယ်။

"ကျနော်တို့က လက်မှတ်ထိုးဖို့ကျတော့ ကျနော်တို့က ထိုးပြီးသားလေ၊ ဒီနေ့လက်မှတ်လည်းထိုးပြီ၊ ပြည်ထောင်စုအဆင်နဲ့လည်းထိုးပြီ၊ နောက်ကျမှ နိုင်ငံရေးဆွေးနွေးပွဲကျမှ ကျနော်တို့က ပါဝင်ထိုးမယ်၊ နောက်ဆုံးမှပါ"

UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီနဲ့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့တို့ ရဲ့ဆွေးနွေး မှုတွေကိုလည်း သူတို့အနေနဲ့ ထောက်ခံတယ်လို့  ဦးခမ်းမောင်ကပြောပါတယ်။

"NDAA နဲ့ UWSA နဲ့ ဆွေးနွေးတဲ့ဟာလည်း ကျနော်တို့က ထောက်ခံပါတယ်၊ အဲ့ဒီတုန်းက တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် လုပ်တဲ့ဟာ အဲ့ဒီအတွက် ကျနော်တို့ကထောက်ခံတယ်လေ၊ သူတို့ကတင်ပြတာ ကျနော် တို့က လက်မပါဘူး၊ ကျနော်တို့က သိပ်မသိဘူးပေါ့၊ သူတို့ဆွေးနွေးတဲ့ဟာ သူတို့ဆွေးနွေးပေါ့၊ UWSA နဲ့ NDAA နဲ့ သူတို့သဘောတူပြီးတော့ပေါ့ထိုးမယ်၊ နောက်ဆုံးကျမှ ကျနော်တို့အဲ့ဒီဟာ တပြည်လုံးအတိုင်း အတာ နဲ့ ထိုးမယ်ဆိုရင် အဲ့ဒီကျမှ ကျနော်တို့က လာပါမှာပဲလေ၊ လာပါမှာပေါ့လေ အဲ့ဒီကျမှကျန်တဲ့ဟာ လည်း ကျနော်တို့က ပါဖို့မလိုပါဘူး"

UWSA ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ၊ SSA/SSPP ဒုဥက္ကဌ ဦးစဝ်ခေးတိုင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့  NDAA မိုင်းလားအဖွဲ့ ဒုဥက္ကဌ ဦးစံပေ့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ပြီးခဲ့တဲ့ရက်က အစိုးရထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့နဲ့  ၂၆ ရက်နေ့ တွေမှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့၊ အခြေခံဥပဒေ မှာ အတားအဆီးဖြစ်နေတဲ့အချက်တွေကို ပြင်ဆင်ဖို့တွေကို ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ထည့်သွင်းဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၈ ရက်မနက်မှာတော့ UWSA နဲ့ NDAA အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့  အလုံလမ်း က Yangon International Hotel မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး၊ သူတို့အဖွဲ့တွေ လက်ရှိ ဆောင် ရွက်နေတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေအကြောင်း၊ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ အကြောင်းတွေကို ပြောဆိုရှင်းလင်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List