Thursday, August 28, 2014

မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ တရုတ်မျိုးချစ်စစ်သားတွေကို ထိုင်ဝမ်မှာ ဂုဏ်ပြု


ဒုတိယကမ္ဘာစစ်ကာလတုန်းက မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့ရတဲ့ တရုတ်မျိုးချစ် စစ်သားတွေအတွက် သြဂုတ်လ ၂၇ ရက် နေ့က ထိုင်ဝမ်၊ တိုင်ပေမြို့မှာ  ထောင်နဲ့ချီတဲ့ စစ်သားတွေက ဂုဏ်ပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ တရုတ်စစ်သားတော်တော်များများဟာ ဗြိတိသျှ တပ်တွေကို ကူညီကယ် ဆယ်ဖို့ မြန်မာ နိုင်ငံစစ်မြေပြင်ကို ရောက်ခဲ့ကြတာလို့ Capital News သတင်းမှာ ရေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ တရုတ်စစ်သားပေါင်း ၅၆ဝဝဝ ကျော် ကျဆုံးခဲ့တယ်လို့ အဲဒီသတင်းက ဆိုထားပါတယ်။ 

ဂုဏ်ပြုပွဲမှာ ထိုင်ဝမ်တရုတ်စစ်သီချင်းတွေ တီးမှုတ်နေစဉ် အာဇာနည်အထိမ်းအမှတ်နေရာဆီကို ကျဆုံး သွားသူတွေရဲ့ ကမ္ဗည်း စာရေးထိုးထားတဲ့ သစ်သားပြားတွေ သယ်ဆောင်ခဲ့ကြပါတယ်။ 

ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနအဆိုအရ အဲဒီ စစ်သားတွေဟာ ဂျပန်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲ တွေမှာ သွေးချွေးနဲ့ ဘဝတွေ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သူတို့ရဲ့ ဝိဥာဉ်ကို ဂုဏ်ပြုကြတာပါတဲ့။ အခုလို ဂုဏ်ပြုရတာဟာ အထူး ဝမ်းနည်း ဖွယ်ရာ ကာလ တခုလည်း ဖြစ်သလို ဂျပန်ဆန့်ကျင်ရေး စစ်ပွဲ ၇၇ နှစ်မြောက် လည်း ဖြစ်တယ်လို့ Chen Chen hsaing လို့ခေါ်တဲ့ ဗိုလ်ချုပ်ကြီး တဖြစ်လည်း ဥပဒေပြု အမတ်က ပြောထားပါတယ်။ 

“ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ ဒီကိစ္စကို မဖော်ဆောင်နိုင်ခဲ့ပေမယ့် ဒီကိစ္စကို ကျနော်တို့ ဘယ်တော့ မှ မေ့ဖျောက် လို့ ရမှာ မဟုတ်ဘူး” လို့ သူကပြောပါတယ်။ 

တရုတ်နိုင်ငံကို အမျိုးသားရေး ဝါတီအစိုးရ အုပ်ချုပ်စဉ်ကာလ ၁၉၄၉ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ပြည်တွင်း စစ်မှာ ကွန်မြူနစ် တွေက အနိုင်ရခဲ့တာကြောင့် ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။ 

အဲဒီသတင်းမှာ  မြန်မာနဲ့ ထိုင်ဝမ်နိုင်ငံခြား သံတမန်ဆက်ဆံရေး မရှိဘဲ လိုအပ်နေတဲ့ အပေါ် မစ္စတာ ချန်းက အပြစ်တင် စကားဆိုထားတာလည်း တွေ့ရပါတယ်။ 

ထိုင်ဝမ်မှာ အမျိုးမျိုးသော စစ်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သားပေါင်း ၄ သိန်းကျော်အတွက်လည်း ဂုဏ်ပြုကမ္ဗည်းတင် ခဲ့ပါပြီ။ 

၁၉၄၅ ခုနှစ်က အဆုံးသတ်သွားတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်း က မြန်မာနိုင်ငံမှာ ကျဆုံးခဲ့သူတွေ အတွက် အခုပွဲ ကတော့ ပထမဆုံးလည်းဖြစ် တယ်လို့ ဆိုပါတယ်။ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ် အမျိုးသားရေး ဝါဒီတွေဟာ အဲဒီအချိန်ကာလက တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။ 

၁၉၃၇ ခုနှစ်က ဂျပန်နဲ့ စတင်စစ်ဖြစ်ပွားခဲ့တယ်။ ဂျပန်လည်း ၁၉၄၅ ခုနှစ်မှာ လက်နက်ချ အညံ့ခံလိုက်ပြီး ဒုတိယ ကမ္ဘာစစ်လည်း အဆုံးသတ်သွားခဲ့တယ်။ 

မနေ့က ဂုဏ်ပြုမော်ကွန်းထိုးခံရသူ စစ်သားတော်တော် များများဟာ ၁၉၄၂ ခုနှစ်က ရေနံချောင်း စစ်ပွဲမှာ ကျဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး Sun Li-jen နဲ့ သူ့အဖွဲ့ဟာ ဂျပန်တပ်က ဝိုင်းထားခံရတဲ့ ဗြိတိသျှ စစ်သား ၇ဝဝဝ လောက်ကို ကယ်တင်ဖို့ ရေနံချောင်းကို ဆင်းလာခဲ့ကြတာပါ။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List