Wednesday, August 27, 2014

ဖူးခက်လေဆိပ်ဆင်းတဲ့ ထိုင်း-အဲအေးရှ လေယာဉ် ဗုံးလန့်


ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေ ဖူးခက်ကျွန်းကို ဆင်းသက်မယ့် ထိုင်းအဲအေးရှ လေယာဉ်တစီးနဲ့ ပတ်သက်ပြီး ဗုံးလန့်မှု တခုကြောင့် အရေးပေါ်အခြေ အနေဖြစ်ခဲ့ရပါတယ်။ ဖူးခက်ကျွန်း နိုင်ငံတကာ လေဆိပ်ကို အဲအေးရှ လေယာဉ် FD 3003 မဆင်းသက်ခင် ၅ မိနစ်လောက်မှာ အဲဒီလေယာဉ်မှာ ဗုံးပါတယ်ဆိုတဲ့ သတင်းပေးဖုန်းခေါ်မှု လက်ခံရတယ်လို့ လေဆိပ်အကြီးအကဲ မစ္စတာ Mekin Petplai ကို ကိုးကားပြီး သြဂုတ်လ ၂၆ ရက် ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ခရီးသည် ၁၆၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး တင်ဆောင်လာတဲ့ အဲဘတ်စ် A320-200 လေယာဉ်ကို ဗုံးခြိမ်းခြောက်မှု ဖြစ်ထားတဲ့အတွက် လေဆိပ်အတွင်း သီးသန့်နေရာမှာ အန္တရာယ်ကင်းစွာ ဆင်းသက်စေ ပြီး ကြပ်မတ်မှုတွေ လုပ်ခဲ့ရပါ တယ်။ 

ဒါပေမယ့် ဗုံး ဆိုတာတော့ မတွေ့ခဲ့ရပါဘူးတဲ့။ 

အဲဒီလေယာဉ်ဟာ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကနေ မနက် ၁၁ နာရီလောက်က ထိုင်း အမျိုးသား လက်ရွေးစင် ဘောလုံး အသင်းသားတွေကို တင်ဆောင်ထွက်ခွာလာပြီး ဖူးခက်ကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ဆိုက်ရောက်ခဲ့တာပါ။ 

ထိုင်းအမျိုးသားလက်ရွေးစင်အသင်းဟာ တောင်ကိုရီးယားမှာကျင်းပနေတဲ့ အာဆီယံ အားကစားပြိုင်ပွဲမှာ မြန်မာ အသင်းနဲ့ ကစားဖို့ ရှိတာကြောင့် ဖူးခက် ဘောလုံးအသင်းနဲ့ သွေးပူလေ့ကျင့်ခန်းဆင်းဖို့ ဖူးခက် ခရီးစဉ်ကို သွားခဲ့တာပါ တဲ့။ 

ဗုံးလန့်မှုကြောင့် ရှာဖွေရေးတွေ လုပ်ဆောင်ခဲ့ရတဲ့ အတွက် လေယာဉ် အပြန်ခရီးဟာ ၂ နာရီလောက် နောက် ကျ သွားခဲ့ရ တယ်လို့ လေကြောင်း အရာရှိတွေက ပြောထားပါတယ်။ 

ချက်ချိုင်းခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Somchai Sanprasert ဗုံးလန့်မှုဟာ နောက်ပြောင်ကျီစယ်တာ သာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ ဒေသဆိုင်ရာ မီဒီယာတွေကတော့ ဗုံးသတင်းပေး တယ်လီဖုန်း နံပတ်ကိုတော့ ဖူးခက်ရဲတပ်ဖွဲ့ ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ရေးကြပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ လေကြောင်းဌာနအကြီးအကဲ Mr Mekin ဟာ ဖူးခက်ကို သွားပြီး စုံစမ်းစစ်ဆေးမယ်လို့ မျှော်လင့်ရပါတယ်။ ဖူးခက်အခြေစိုက် ပေါက်ကွဲမှုဆိုင်ရာ ကျွမ်းကျင်ရဲတပ်ဖွဲ့ကိုတော့ လေဆိပ်နဲ့ လေယာဉ်တွေ ကို စေလွှတ်ခဲ့ပြီး ဗုံးရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် ဗုံးကို ရှာမတွေ့ခဲ့ဘူးလို့ သူက ပြောထား တာပါ။ 

လေဆိပ်ကို လေယာဉ်ဆိုက်ရောက်ပြီး ခရီးသည်တွေနဲ့ သူတို့ရဲ့ အိတ်တွေကို တိုက်ဆိုင်စစ်ဆေးမှုတွေ လည်း လုပ်ခဲ့တယ် လို့ သိရပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List