Wednesday, August 27, 2014

ယူကရိန်းနဲ့ ရုရှား သမ္မတတို့ ပထမ အကြိမ်တွေ့ဆုံခဲ့


ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ​ဖြစ်နေတဲ့ ​ပြဿနာကို ​ဖြေရှင်းနိုင်ဖို့အတွက် ​ရုရှားနဲ့ ​ယူကရိန်းနိုင်ငံ ​ခေါင်းဆောင် အကြား ​ပထမဆုံးအကြိမ် ​တွေ့ဆုံဆွေးနွေးမှုတွေ ​ပြုလုပ်ခဲ့ပေမယ့် ​ထူးခြားတဲ့ ​တိုးတက်မှုတွေ ​မရခဲ့ကြ ပါဘူး။

Belarus ​သမ္မတ ​Alexander ​Lukashenko ​က ​ကြားနေ အဖြစ် ​ဆောင်ရွက် ​ပေးတဲ့ ​ဆွေးနွေးပွဲကို ​ယူကရိန်း ​နိုင်ငံခေါင်းဆောင် ​Petro ​Poroshenko ​နဲ့ ​ရုရှား ​သမ္မတ ​ပလာဒီမီယာ ​ပူတင်း ​တို့ ​တက်ရောက် ​ဆွေးနွေးကြတာ ​ဖြစ်ပါတယ်။

ယူကရိန်း ​နိုင်ငံ ​ခေါင်းဆောင်ရော ​ရုရှား ​သမ္မတကပါ ​ယူကရိန်းအရှေ့ဘက်ခြမ်း မှာ ​ဖြစ်နေတဲ့ ​တင်းမာ ​မှုတွေကို ​လျှော့ချ ​လိုတာကို ​တွေ့ခဲ့ရပေမယ့် ​ငြိမ်းချမ်းရေး ​ရအောင် ​လုပ်ဆောင်မယ့် ​နည်းလမ်းတွေ ​အပေါ် ​သဘောတူညီမှု ​မရခဲ့ကြပါဘူး။

ယူကရိန်း ​ဘက်ကတော့ ​ငြိမ်းချမ်းရေး ​အတွက် ​မဆောင် ​ရွက်ခင်မှာ ​ဖမ်းဆီးထားတဲ့ ​ယူကရိန်း ​သားတွေကို ​ချက်ခြင်း ​လွတ်ပေးဖို့၊ ​သူပုန်တွေကို ​လက်နက် ​တပ်ဆင်ပေး ​တာတွေ ​ရပ်တန့်ဖို့နဲ့ ​ရုရှားနယ်စပ်မှာ ​ရှိတဲ့ ​ဒေသမှာ ​နိုင်ငံတကာ ​စောင့်ကြည့်ရေး ​သမားတွေ ​ထားရှိဖို့ ​လိုလားနေတာ ​ဖြစ်ပါတယ်။

ရုရှား ​သမ္မတကတော့ ​ယူကရိန်း ​သူပုန်တွေနဲ့ ​ဆွေးနွေးမယ့် ​ကိစ္စတွေမှာ ​ကြိုတင် ​အသိပေးတာတွေ ​လုပ်ဆောင် ​ရမှာဖြစ်တယ်လို့ ​ပြောဆိုပေမယ့် ​အဓိက ​အားဖြင့် ​စီးပွားရေးနဲ့ ​ကုန်သွယ်ရေးကို ​ဦးစားပေးပြီး ​ပြောဆိုသွားခဲ့ပါတယ်။

ယူကရိန်း ​ကနေ ​ဥရောပသမဂ္ဂနဲ့ ​ကုန်သွယ်ရေးလုပ်ဆောင်ပြီး ​ရုရှားရဲ့ ​စီးပွားရေးကို ​ထိခိုက်လာမယ်ဆိုရင် ​ရုရှားအနေနဲ့ ​တုန့်ပြန်မှုတွေ ​လုပ်သွားမယ်လို့ ​ရုရှားသမ္မတက ​အဖွင့်စကားမှာတင် ​ပြောသွားခဲ့တာ ​ဖြစ်ပါ တယ်။

ယူကရိန်းနဲ့ ​ရုရှားခေါင်းဆောင်တွေအကြား ​တွေ့ဆုံမှု ​မလုပ်ခင်မှာ ​ရုရှားစစ်သား ​၁၀ ​ယောက် ​ယူကရိန်း နယ်စပ်ထဲ ​ဝင်လာတဲ့အတွက် ​ယူကရိန်းက ​ဖမ်းဆီးထားပါတယ်။

ရုရှားကတော့ ​အဲဒီ ​စစ်သားတွေ ​လမ်းမှားပြီး ​ယူကရိန်းနယ်စပ်ထဲ ​ရောက်လာတာလို့ ​ဖြေရှင်းချက်ပေးထား ပါတယ်။

ယူကရိန်းကတော့ ​အဲဒီစစ်သားတွေ ​လမ်းမှားတယ်ဆိုတာ ​မဖြစ်နိုင်တဲ့ အကြောင်း ​ရုရှားစစ်သားတွေဟာ ​အထူးလှုပ်ရှားမှု ​တစ်ရပ်အနေနဲ့ ​ယူကရိန်းနယ်ထဲ ​ဝင်လာတာဖြစ်တယ်လို့ ​တုန့်ပြန်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List