Monday, August 25, 2014

ဆီရီယာလီယွန်တွင် အီဘိုလာ ကူးစက်ခံရမှု ဖုံးကွယ်ပါက ထောင် ၂ နှစ်ချမည်


ဆီရီယာလီယွန်နိုင်ငံ လွှတ်တော်က အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူကို ဖုံးကွယ်ထားရင် ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်ဖို့ ပြဋ္ဌာန်းလိုက်ပါတယ်။ ဆီရီယာလီယွန်နိုင်ငံ လွှတ်တော်က အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရပ်တန့်ရေး အားထုတ်တဲ့ အနေနဲ့ ရောဂါရှိသူကို ဖုံးကွယ်ထားပါက ရာဇဝတ်မှုအဖြစ် သတ် မှတ်ပြီး ထောင်ဒဏ် ၂ နှစ်အထိ ပြစ် ဒဏ်ချမယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ က ပြဋ္ဌာန်း လိုက်ပါတယ်။

ရောဂါသည်တွေကို ဝှက်ထားမှုနဲ့ ဆေးဘက်ဝန်ထမ်းတွေကို လက်မခံတဲ့ နယ်မြေတွေ ရှိနေပြီး ကူးစက်မှု အရေအတွက်ကို ဖုံးကွယ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က  သတိပေးခဲ့ပြီးနောက် ခုလို ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်မှုအတွင်း လူ ၂၆၁၅ ယောက် ကူးစက်ခံခဲ့ရပြီး လူ ၁၄၂၇ ယောက် သေဆုံးခဲ့ပါတယ်။

လတ်တလော အီဘိုလာကူးစက်မှုကြောင့် အိုင်ဗရီကို့စ်နိုင်ငံက သူပိုင်နက်ထဲ ဖြတ်သန်းသွားလာမှုကို တားမြစ်တဲ့အနေနဲ့ ဂီနီ၊ လိုက်ဘေးရီးယားနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကို ပိတ်လိုက်ပြီလို့ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က ကြေညာပါတယ်။

နိုင်ငံတကာ လေကြောင်းနဲ့ သယ်ယူပို့ဆောင်ရေးအသင်းကတော့ လေကြောင်းလိုင်း တွေက ခရီးစဉ်ဆိုင်းငံ့ တဲ့ လုပ်ဆောင်ချက်ကို အားမပေးဘူးလို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆီရီယာလီယွန်နိုင်ငံ သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းဆက်သွယ်ရေး ၀န်ကြီး လီယိုနာ့ဒ်ကိုရိုမာက “လေယာဉ်တွေပေါ်ကို လူနာတွေ မတင်တာ သေချာအောင် လုပ်ဆောင်နည်းတွေ ရှိတယ်။ နိုင်ငံထဲကို လာတဲ့ ဒဗလျူအိပ်ခ်ျအိုနဲ့ တခြားအဖွဲ့အစည်းတွေက အကြီးတန်းဆေးပညာရှင်တွေဟာ စီးပွားရေး လေကြောင်း လိုင်းတွေကနေ လာကြတာ အများစုပါ။ ဒါကြောင့် လေကြောင်းလိုင်းတွေ မပြေးဆွဲရင် အီဘိုလာတိုက်ဖျက်ရေးအပေါ် ဆိုးကျိုး သက်ရောက်အေင် ဖန်တီးတာပဲ” လို့ ပြောပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံကတော့ အရင်က အီဘိုလာရောဂါ ကူးစက်နေတဲ့ ဆီရီယာလီယွန်၊ ဂီနီနဲ့ လိုက်ဘေးရီး ယားနိုင်ငံတွေနဲ့ ဆက်သွယ်ထားတဲ့ လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်ခဲ့ဖူးပါတယ်။

ဒဗလျူအိပ်ခ်ျအိုကလည်း အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံတွေအတွက် ကုန်သွယ်ရေးနဲ့ ခရီးသွားရေး ပိတ်ပင်တာကို မထောက်ခံတာက အစားအစာနဲ့ ထောက်ပံ့ရေး ပြတ်တောက်မှုကို ပိုမြင့်စေမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ ဘရပ်ဆဲလ်အဲယား လိုင်းနဲ့ အာဖရိကတိုက်က ဆီနီဂေါနိုင်ငံတို့ကတော့ အီဘိုလာရောဂါ ကူးစက်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သက် တဲ့ လေကြောင်းခရီးစဉ် အားလုံးကို ပိတ်သိမ်းထားတယ်လို့ ကြေညာခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List