Friday, June 27, 2014

ကျောက်မျက်တင်ဒါအောင်ပြီး ငွေမချေသူများတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်


ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းကျောက်မျက် အတွဲများ တင်ဒါအောင်မြင်ပြီး ငွေပေး ချေရန် ပျက်ကွက်သူများတွင် တရုတ် နိုင်ငံသား အများဆုံးဖြစ်၍ ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းပြီး ပြပွဲ ၀င်ခွင့် ပိတ်ပင်ထားကြောင်း ပြပွဲ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။

‘‘မြန်မာနဲ့ တရုတ်မှာ တရုတ်က အများဆုံးပဲ’’ဟု အဆိုပါ ဒုဥက္ကဋ္ဌက ပြောသည်။

ယခုနှစ်(၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပြပွဲဝင်ခွင့်ပိတ်ခံထားရသည့် တရုတ်နိုင်ငံ သား အရေအတွက်ကိုမူ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ ထုတ်ပြန်ပြောဆိုပေးခြင်းမရှိပေ။

 ‘‘အရေအတွက်ကိုတော့ ထုတ်ပြန်ပေးလို့မရပါဘူး’’ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း မှ ဒုတိ ယညွှန်ကြားရေးမှူးတစ်ဦး ကပြောသည်။

ပြပွဲတွင် တင်ဒါအောင်မြင် ပြီး သတ်မှတ်ထားသည့် ငွေပမာ ဏသွင်းမထားသောသူအား သတ်မှတ်ငွေ ၂၀ ရာခိုင်နှုန်းသာ ပေးသွင်းပါက ပွဲတက်ရောက်ခွင့် သုံးကြိမ်ပိတ်ပြီး ၁၀၀ ရာခိုင်နှုန်း မ သွင်းထားသောသူအား ပွဲတက် ရောက်ခွင့် ၁၀ ကြိမ် ပိတ်လိုက် ကြောင်း အထက်ပါ ဒုတိယညွှန် ကြားရေးမှူးက ရှင်းပြသည်။

ငွေမသွင်းဘဲ ကျောက်စိမ်း ကျောက်မျက်အတွဲများ လာ ရောက်မယူဆောင်သဖြင့် သတ်မှတ်ရက် အတွင်းသက်ဆိုင်ရာကု မ္ပဏီသို့ ပြန်လည်လွှဲပြောင်းပေး အပ်လိုက်ကြောင်း သတင်းရရှိ သည်။

အဆိုပါ အမည်ပျက်စာရင်း  သွင်းခြင်းအစီအစဉ်ကိုပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာပြ ပွဲမှ စတင်ပြီး ပြုလုပ်ခဲ့ ရာ အမည်ပျက်စာရင်းတင်သွင်း ခံရသူဦးရေတစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာကြောင်း ပြပွဲသို့ လာရောက်သည့်ကျောက်မျက်ရ တနာကုန်သည်အချို့က ခန့်မှန်း ပြောဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၁၉၆၄ခုနှစ်ကစတင်ကျင်း ပပြုလုပ်ခဲ့ပြီး ယခုပြုလုပ်နေသည့် (၅၁) ကြိမ်မြောက်မြန်မာ့ကျောက် မျက်ရတနာပြပွဲသည်(၈၇) ကြိမ် မြောက်ပြုလုပ်သည့် ပြပွဲလည်း ဖြစ်သည်။

တရုတ်ကုန်သည် အချို့ကအများမပေးနိုင်သည့် အမြင့်ဆုံးဈေးကိုပေးပြီး ကျောက်မျက်ရရှိသွားပါက ကျန်ရှိသည့် ငွေကိုထပ်မံပေးသွင်းခြင်း မရှိတော့သဖြင့် အမှန်တကယ် ၀ယ်ယူမည့် မြန်မာကုန်သည်အချို့ နစ်နာမှုများလည်းရှိခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီးမှ ကျောက်မျက် ကုန်သည်တစ်ဦးကရှင်းပြသည်။

7Day News Journal

No comments:

Post a Comment

My Blog List