Friday, June 27, 2014

ဆလိုင်းတင်မောင်ဦး စာပေဆုနှင့်(၃၈)နှစ်မြောက်အောက်မေ့ဖွယ် အထိမ်းအမှတ်ပြုလုပ်


ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရခြင်း(၃၈)နှစ် မြောက်အောက်မေ့ဖွယ်အထိမ်း အမှတ်နှင့်ဆလိုင်းတင်မောင်ဦး စာပေဆုရှင်များပေးအပ်ချီးမြှင့်ခြင်းအား ဇွန် ၂၆ရက်က City Star Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

“ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးဟာ ဖိနှိပ်မှု၊ကိုမလိုလားသူဖြစ်သလို အမှန်တရားကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တယ်။နောက်တစ်ခုက ဒီမိုကရေစီအရေးကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့လို အစိုးရရဲ့ ကြိုးပေးမယ့်စင်ပေါ်ကို ခေါင်းမော့ရင်ကော့ပြီး တစ်ချက်လေးမှ မတွန့်ဘဲနဲ့ကြိုးစင်ပေါ်ကို တက်သွားခဲ့ပါ တယ်။ဒါကြောင့် ကျွန်တော်တို့ဟာ ဆလိုင်းတင်မောင်ဦးကို အာဇာနည် ဆလိုင်းဗိုလ်တင်မောင်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီလိုသတ်မှတ်ခဲ့သောကြောင့် ဆလိုင်းတင်မောင်ဦး စာပေဆုကိုလည်း ချီးမြှင့်သွား မှာဖြစ်ပါတယ် အခုဆုရတဲ့ သူတွေကို ဒီအခမ်းအနားမှာပဲ တစ်ခါတည်းဆုချီးမမြှင့်သွားပါမယ်”ဟု ဆလိုင်းတင်မောင်ဦး ကြိုးပေးခံခဲ့ရသော(၃၈)နှစ်မြောက် ကျင်းပရေးကော်မတီဝင် ဦးမောင်မောင်ဇေယျ က ပြောသည်။

၎င်းဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ရက် (စနေနေ့)နံနက် ၄နာရီတွင် အင်းစိန်ထောင်၌ ကြိုးပေးကွပ်မျက်ခဲ့သည်။ ယင်းနောက်အောက်မေ့ဖွယ် အထိမ်းအမှတ်များကို ပြုလုပ်ခဲ့သလို ဆလိုင်း တင်မောင်ဦး စာပေဆုများကိုလည်း ချီးမြှင့်ခဲ့ရာ ယခုစာပေဆုချီးမြှင့်ခံရသူများမှာဦးဝင်းတင်(ကွီ) နိုင်ငံရေး (ဘာသာပြန်ရသ)၊ဘာတေးလစ်နာ(Rise and fall of CPB)နိုင်ငံရေး (ဘာသာပြန်သုတ)၊ ကိုဝင်းဇော်လတ် (၈၈အရေးတော်ပုံမှတ်တမ်း) နိုင်ငံရေး(သုတ)၊ကိုလှသန်း(ပွဲသိမ်းတေးသံ) နိုင်ငံရေး(ကဗျာ)၊ကိုအောင်ထွန်း (၉၉၉ ပိုဒ် ဒေါင်းလုလင်နှင့် လွတ်လပ်ရေးနတ်သမီး-ပ)၊(၉၉၉ ပိုဒ် ဒေါင်းလုလင်နှင့် မြို့ပျက်ကြီး-ဒု)၊မြေမှုန် လွင် (ကျောက်စာတိုင်ကို ခဲဖျက်ဖြင့် ဖျက်၍မရပါ)နိုင်ငံရေး(ရသ)၊သင့်လူ(အိုဘယ့် အစိမ်းတို့မြေ)နိုင်ငံရေး
(ဘာသာပြန်-သုတ)၊ကိုအောင်သာ(ppp)(တိုက်ပွဲမရှိရင် အောင်ပွဲမရှိဘူး)နိုင်ငံရေး (အနာဂတ်)၊ကိုမျိုးကိုမျိုး (ထောင်နံရံ မှတ်တမ်း)နိုင်ငံရေး(ရသ-ထောင်)၊ကိုဝင်းတင့်ထွန်း(သံတိုင်ကြားက ကြွေသွားရတဲ့ ကြယ် စင်တွေ)နိုင်ငံရေး(အတ္ထုပ္ပတိ)၊ကိုအောင်ထွန်း(ပေါ်ပြူလာဂျာနယ်ပါ လူငယ်ဆောင်းပါးများ)ကိုမျိုး (မြန်မာစာ)(ပေါ်ပြူလာဂျာနယ်ပါ တို့ခေါင်းဆောင်တို့ တည်ထောင်ပြု၊ယုံကြည်မှုပြည်ထောင်စု)၊ ကိုထူးသစ်(ဂျာနယ်ပါ ထောင်ဆောင်းပါးများ) တို့ဖြစ်သည်။

ယင်းစာပေဆုများအား နှစ်စဉ်ချီးမြှင့်သွားမည်ဖြစ်သလို ဆလိုင်းတင်မောင်ဦး ကြိုးပေးခံခဲ့ရသော(၃၈)နှစ် မြောက် ကျင်းပရေးကော်မတီအနေဖြင့်အခြေခံ ဥပဒေပြင်ဆင်ရေး၊ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေး၊အပစ် အခတ်ရပ်စဲရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုလည်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List