Monday, June 23, 2014

စတော့အိတ်ချိန်း ဈေးကွက်အတွက် MAPCO နှင့် AGD တို့ ရွေးချယ်ခံ ထားရဟုဆို


ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်တွင် စတင်လည်ပတ်မည့် ကုမ္ပဏီများအဖြစ် မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO) နှင့် AGD (အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်) တို့ ရွေးချယ်ခံထားရကြောင်း MAPCO ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်စတော့ အိတ်ချိန်းကို ဖော်ဆောင်မည်ဟု ကြေညာထားသော်လည်း Myanmar Security Exchange Law နည်းဥပဒေမှာ ယခုအချိန်အထိ မထွက်ရှိသေးခြင်းကြောင့် ကုမ္ပဏီအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အခက်တွေ့နေရကြောင်း ၎င်းကဆိုသည်။

“နည်းဥပဒေထွက်မှ ကိုယ့်ပြင်ဆင်မှုနဲ့ ကိုက်ရဲ့လားဆိုတာ ကြည့်ရမှာ။ နည်းဥပဒေ မထွက်တော့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။ အစိုးရကိုလည်း နည်းဥပဒေ ထွက်ရှိဖို့ တိုက်တွန်းထားပါတယ်” ဟု ၎င်းကပြောဆိုသည်။

MAPCO သည် ရန်ကုန်စတော့အိတ်ချိန်း ဝင်ရောက်ရေးနှင့် ပတ်သက်သည့် အကြိုလုပ်ငန်းများ ပြင်ဆင်ရန် မေလ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံအခြေစိုက် Daiwa Securities နှင့် လက်မှတ်ရေးထိုးခဲ့သည်။

“အများပိုင်ကုမ္ပဏီတွေ အနေနဲ့ကတော့ စတော့အိတ်ချိန်းမှာ ဝင်ရောက်ဖို့ တော်တော်ကြီး စခန်းသွား ရဦးမယ့် သဘောရှိတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

စတော့အိတ်ချိန်း ဈေးကွက်သို့ ဝင်ရောက်ရာတွင် အဆိုပါကုမ္ပဏီ၏ ရှေ့အလားအလာ၊ ပြည်သူများ၏ ယုံကြည်မှုနှင့် ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုသည် အရေးကြီးဆုံး ဖြစ်ကြောင်း MAPCO ၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်းအတွက် ကုမ္ပဏီငါးခုဖြင့် စတင်လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး MAPCO နှင့် AGD နှစ်ခုကို ရွေးချယ်ပြီး ဖြစ်ကာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စာရင်းသွင်းရမည် ဖြစ်ကြောင်း အဆိုပါ အများပိုင်ကုမ္ပဏီများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List