ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှာ စစ်တပ်နဲ့လယ်ယာ လက္ကားသမ၀ါယမ
အသင်းကနေပြီးတော့ သိမ်းဆည်းထားတဲ့ လယ်ယာမြေ တစ်ထောင်ကျော်ကို ပြန်ရဖို့ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေပေမယ့် ပြေလည်အောင် ဖြေရှင်းတာမျိုးတွေ မရှိတဲ့အတွက် လယ်သိမ်းခံ တောင်သူတွေက ဒုတိယအကြိမ် ကျိန်စာတိုက်ပွဲ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ကျိန်စာတိုက်ပွဲကို ဇွန်လ(၂၄)ရက်နေ့က သပိတ် စခန်း ဖွင့်ထားတဲ့ အောင်ကုန်းကျေးရွာမှာ ဗ.က.သ ကျောင်းသားတွေ အပါအ၀င် လယ်သိမ်းခံ တောင်သူ(၄၀)ကျော်က ပြုလုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ကျိန်စာတိုက်ခဲ့တာဖြစ်တယ်လို့ သိမ်းဆည်ခံ တောင်သူ ဦးဝမ်းဇော် က ပြောပါတယ်။
သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ရိုးရာယုံကြည်မှုအရ အခုတစ်ကြိမ်အပါအ၀င် ကျိန်စာတိုက်ပွဲနှစ်ကြိမ် ၊ ဆုတောင်းပွဲ နှစ်ကြိမ် နဲ့ အခေါင်းမီးရှို့ပွဲတစ်ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခုလို ကျိန်စာတိုက်ပွဲလုပ်ဆောင်တာနဲ့ပတ်သက်ပြီး သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဆီက ခွင့်ပြုမိန့် မယူဘဲ မိမိသဘောဆန္ဒအရ လုပ်ကြတာဖြစ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ဟန့်တားနှောက် ယှက်တာတွေ မရှိဘူးလို့ ဆိုပါတယ်။
၁၉၉၉ခုနှစ်မှာ ပြည်ခရိုင်ဦးစီးမှူးကနေ အုတ်ဖိုကျေးရွာအုပ်စုအတွင်းက အောင်ကုန်း ၊ သင်တော ၊ ကစွန်းအင်း ၊ ရင်းတိုက်တန်း ၊ နှောကုန်းနဲ့ဆောက်ခြုံကြီးကျေးရွာတစ်ဝိုက်မှာ လယ်ဧက (၁၁၅၉.၅၅)ကို ရေနက်ကွင်းတွေ ဖော်ထုတ်ဖို့ဆိုပြီး သိမ်းယူခဲ့တာဖြစ်ပြီး ၊ ၂၀၀၁ခုနှစ် နောက်ပိုင်းမှာတော့ လယ်ယာ လက်က္ကားသမ၀ါယမ အသင်းအမှတ်(၃)လီမိတက် ဥက္ကဌ ဦးထိုင်ထိုင်က လွှဲပြောင်းယူခဲ့တာဖြစ်တယ်လို့ သိမ်းဆည်းခံရတဲ့ တောင်သူတွေက ပြောပါတယ်။
အောင်ကုန်းကျေးရွာမှာ အခုလို ယာယီသပိတ်စခန်းဖွင့်ပြီး လယ်မြေပြန်ရရှိရေးအတွက် ဦးဆောင်တောင်း ဆိုသူ (၉)ဦးကို ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်အရေးယူခံထားရတယ်လို့လည်း မြစ်မခ သတင်းအရ သိရပါတယ်။
ABC
No comments:
Post a Comment