Monday, June 23, 2014

တောင်ကိုရီးယား စစ်သားပစ်ခတ်မှုကြောင့် စစ်သား ၅ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ


တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ကိုရီးယားစစ်သားတဦးက ပစ်သတ် လို့ အခြားကိုရီးယားစစ်သား ၅ ဦးသေဆုံးသွားပြီး စစ်သား ၇ ဦး ဒဏ်ရာရရှိသွားပါတယ်။ကိုရီးယား စစ်တပ်ပြောခွင့်ရက မြောက်ကိုရီးယားနဲ့နယ်စစ် ရှေ့တန်းတပ်ရင်းတခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတာ အသေအချာ မသိရှိသေးဘူးလို့ ဇွန်လ ၂၂ ရက်နေ့က ပြောဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့ စစ်သားဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး နောက်ထပ်ပစ်ခတ်မှုတွေ မဖြစ်အောင် အမြန်ဆုံး ဖမ်းဆီးနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်လို့လည်း ပြောခွင့်ရက ပြောဆိုပါတယ်။

ကမ္ဘာပေါ်မှာ စစ်အင်အားအတောင့်တင်းဆုံးနိုင်ငံတခုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ စစ်အင်အားချင်း ယှဉ်ဖို့ အရွယ်ရောက်သူ တောင်ကိုရီးယားအမျိုးသားအားလုံး စစ်မှုမထမ်းမနေရ ၂ နှစ် စစ်မှုထမ်းကြရပြီး တပ်အင်အား ၆ သိန်းကျော်ရှိပါတယ်။

ကိုရီးယားစစ်တပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲပေမယ့် စစ်မှုမထမ်းမနေရတွေဟာ စိတ်ဖိစီးကြပြီး အချင်းချင်း တွေပေါ် ပစ်ခတ်မှုတွေ၊ လက်နက်နဲ့တပ်ပြေးမှုတွေ ဖြစ်ခဲ့ဖူးတာတွေတော့ ရှိပါတယ်။

တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ အကြီးအကျယ် စစ်ဖြစ်ပွားခဲ့ဖူးပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ပဲ စစ်ပြေငြိမ်းထားတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List