Tuesday, June 24, 2014

ထိုင်းရောက် တရားမ၀င်လုပ်သား နှစ်သန်း မှတ်ပုံတင်ထုတ်ပေးမည်


ထိုင်းအစိုးရက တရားမ၀င်အလုပ်သမား နှစ်သန်းခန့်အား ဇူလိုင် ၁ ရက်မှစ၍ အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်များ စတင်ထုတ်ပေးမည်ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အ ရေးကွန်ရက်မှ သတင်းရရှိသည်။

ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနသည် ခရိုင် ၂၂ ခုရှိ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား များအား အလုပ် လုပ်ကိုင်ခွင့် မှတ်ပုံတင်များ ထုတ်ပေးရန် ဇွန် လ ၂၁ ရက်က ပြုလုပ်သော နိုင်ငံ ခြားသား အလုပ်သမား စနစ်တ ကျ ဖြစ်ရေးအစည်းအဝေးတွင် သဘောတူညီမှုချမှတ်ခဲ့ခြင်း ဖြစ် သည်။

‘‘အထောက်အထားဘာမှ မရှိတဲ့သူတွေကို လုပ်ပေးမှာ။ အရင်တုန်းကတော့ တစ်နိုင်ငံလုံးက လုပ်သားတွေ ကို လုပ်ပေး တာ။ ဒါပေမဲ့ အခုကခရိုင် ၂၂ ခုပဲ ပါတယ်။ ရေလုပ်သားတွေ များတဲ့နေရာမှာ လုပ်ပေးတာ တွေ့ရတယ်။ မရှိတာထက်စာ ရင်ကောင်းတာပေါ့။ အမှုကိစ္စ တွေဖြစ်ရင် အထောက်အထားရှိ တော့ ရှင်းရတာလွယ်တာပေါ့’’ဟု မဟာချိုင်ခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။

အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်များကို မြန်မာအလုပ်သမားများဒုတိယအများဆုံးလုပ်ကိုင်နေ သော မဟာချိုင်ဒေသတွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင်အတွက် ကုန်ကျစရိတ် မသိရှိရ သေးပေ။ ယခင်က မှတ်ပုံတင်လုပ်ပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၃၈၀၀ နှင့်အထက် ကုန်ကျကြောင်း သိရသည်။

‘‘ကောင်းကျိုးကတော့ သွား ရလာရတာ လွတ်လပ်တယ်။ အ ဆိုးကတော့ အလုပ်နေရာ တစ်ခု တည်းမှာပဲ လုပ်ရတော့မှာပေါ့။ ပိုက် ဆံနည်းနည်းပဲ ရတဲ့အလုပ် ဘယ်သူကလုပ်ချင်မှာလဲ။ ဒီမှာက ရွှေ့ပြောင်းပြီး လုပ်တဲ့သူပိုများတယ်။ အခု မှတ်ပုံတင်ရှိလည်း ဖမ်းနေတာ။ အဲဒီလောက်ထိ အသုံးဝင်မယ်မထင်ဘူး’’ ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီ ရက်ပိုင်းက အာဏာသိမ်းထိုင်း စစ်အစိုးရက တရားမ၀င် လုပ် သားများကို ဖမ်းဆီးလျက်ရှိခဲ့ရာ မြန်မာအလုပ်သမားလေးရာ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်း ရောက်မြန်မာနိုင်ငံ သားအဖွဲ့ကထုတ်ပြန်ခဲ့သည်။

သို့သော် ထိုင်းစစ်အစိုးရက မြန်မာလုပ်သားများကို လုံးဝဖမ်း ဆီးမည်မဟုတ်ကြောင်း၊ ဖမ်းဆီး ခဲ့ခြင်းလည်း မရှိကြောင်း ထိုင်း နိုင်ငံရောက် မြန်မာ သံအမတ်နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ သည်။ ထို့အပြင် နိုင်ငံခြားလုပ်သားစနစ်ဖြစ်ရေး အစည်းအဝေးတွင် ထိုင်းစစ်ရေးချုပ် ဗိုလ်ချုပ်ကြီးက နိုင်ငံခြားသားလုပ်သား များကို ထိုင်းနိုင်ငံအတွင်းမှ နှင်ထုတ်သည့် မူဝါဒမရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားလုပ်သား သန်းနှင့်ချီရှိသည့်အနက် မြန်မာအလုပ်သမား သုံးသန်းနှင့် အထက်ရှိပြီး ၎င်းတို့အနက် အထောက်အထားရှိသော မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းခန့်သာ ရှိကြောင်း သတင်း ရရှိသည်။

7 Day Daily

No comments:

Post a Comment

My Blog List