Monday, June 23, 2014

ဟောင်ကောင် အလွတ်သဘောမဲပေးမှု တရုတ်အစိုးရ လက်မခံ


အရင်က ဗြိတိသျှလက်အောက်မှာရှိခဲ့တဲ့ ဟောင်ကောင်ကျွန်းမှာ တနင်္ဂနွေနေ့က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဖြစ်လာစေဖို့ကျင်းပတဲ့ အလွတ်သဘော လူထုဆန္ဒခံယူပွဲအတွက် မဲပေးနေကြတာမို့ တရုတ် အစိုးရကို ဒေါသ ထွက်စေခဲ့ပါတယ်။ အင်တာနက်နဲ့ တယ်လီဖုံးတွေကတဆင့် ၃ ရက်ကြာမဲပေးမှုမှာ မဲဆန္ဒရှင် ၆ သိန်းလောက် ပါဝင်မဲပေး ခဲ့ကြတာပါ။ 

ဒီဆန္ဒခံယူပွဲဟာ တရားမဝင်သလို အကျိုး သက်ရောက်မှုလည်း ဘာမှမရှိဘူးလို့ ဟောင်ကောင်အစိုးရက ပြောကြားသလို တရုတ်ကွန်မြူနစ်ပါတီကလည်း အလားတူကြေညာပါတယ်။ ဒီကိစ္စကို စီစဉ်ဆောင်ရွက်တဲ့ The Occupy Central လှုပ်ရှားမှုအဖွဲ့ရဲ့ ဆန္ဒမဲခံယူတဲ့ဝက်ဘ်ဆိုက်စာမျက်နှာဟာ အရင် သီတင်း ပတ်ထဲမှာပဲ အကြီးအကျယ် ထိုးဖေါက်တိုက်ခိုက်တာ ခံခဲ့ရတာမို့ အပြင်မှာမဲပေးလို့ရတဲ့ မဲရုံတွေဖွင့်ခဲ့ တာဖြစ်ပြီး မဲပေးလို့ရတဲ့ကာလကိုလည်း ဇွန်လ ၂၉ ရက်နေ့ အထိ တိုးလိုက်ပါတယ်။ 

ဟောင်ကောင်အုပ်ချုပ်ရေးရုံး အကြီးအကဲနေရာအတွက် ရွေးချယ်စရာလမ်း ၃ သွယ်ကို ရွေးချယ်ဖို့ မဲပေးကြ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြီးအကဲနေရာအတွက် အရွေးချယ်ခံ ကိုယ်စားလှယ်တွေကို တရုတ် အစိုးရလိုလားတဲ့ ကော်မတီက ရွေးချယ်ပေးနေတာဖြစ်ပါတယ်။

Source;AFP 
The Myanma Age

No comments:

Post a Comment

My Blog List