Wednesday, June 25, 2014

" တရုတ်ဝမ်ပေါင်ကုမ္ပဏီအား မြန်မာ၊ တရုတ်၊ အမေရိကန် ဥပဒေပညာ ရှင်များ ပူးပေါင်းစစ်ဆေးမည် "


တရုတ်ဝမ်ပေါင်ကုမ္ပဏီအား မြန်မာ၊ တရုတ်၊ အမေရိကန် ဥပဒေပညာရှင်များပူးပေါင်းကာ စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှသတင်းရရှိသည်။ ”မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ဆရာဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးမောင်မောင်စိုးနဲ့ ကျွန်တော်ပါဝင်ပြီး တရုတ်ပြည်ကို ဇူလိုင်လအတွင်း ၁ဝ ရက်ကြာ ခရီးသွားကြမှာပါ။ သူတို့နိုင်ငံအတွင်း ဝမ်ပေါင်အပါအဝင် တရုတ်စီးပွားရေး လုပ်ငန်းတွေ ဥပဒေလိုက်နာမှု ရှိ မရှိ။ သူများ တိုင်းပြည်မှာလို ဥပဒေချိုးဖောက်တာ လုပ် မလုပ် နိုင်ငံတကာ ဥပဒေတွေကို တရုတ်အစိုးရ လိုက်နာမှု ရှိ မရှိ လေ့လာကြမှာပါ။ ပြီးရင် ကျွန်တော်တို့အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်သွားမှာပါ။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာနဲ့ပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီအပြင် တရုတ် စီးပွားရေးလုပ်ငန်းများအား ဥပဒေ နှင့်အညီ လိုက်နာမှု ရှိ မရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကွန်ရက်မှ သိရသည်။ ယခု လ ၁၂ ရက်နေ့တွင် ရှေ့နေများကွန်ရက်နှင့် အတူ Justice Trust မှ အမေရိကန်ရှေ့နေသုံးဦးနှင့် သြစတြေးလျဆရာဝန်တစ်ဦးတို့ လက်ပံတောင်း တောင်ဒေသ တစ်ဝိုက်ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး အချက်အလက်များရယူထားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီအား ဝင်ခွင့်တောင်းသော်လည်း အဆင်မပြေခဲ့ကြောင်း ဦးသိန်းသန်းဦး က ပြောသည်။

ပူးပေါင်းစစ်ဆေးမည့် တရုတ်ရှေ့နေများမှာ တရုတ်နိုင်ငံရှိ စွန့်ပစ်ပစ္စည်းဘေးဒဏ်သင့်သူများ ကာကွယ်ရေး ကွန်ရက် CFLAP-V(Centre For Legal Aids Pollution Victins) မှ ရှေ့နေ များဖြစ်ပြီး စွန့်ပစ် ပစ္စည်းကြောင့်ဘေးဒဏ်သင့်မှုဖြင့်အမှု ၁၅ဝ ကျော် တရားစွဲဆိုထားပြီး သုံးမှုအနိုင်ရရှိထားသည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီသတ္တုတွင်း စီမံကိန်းမှာ ဒေသခံများလက်ခံခြင်း မရှိဘဲ လုပ်ငန်းစတင်လုပ်ကိုင်စဉ် ကပင် ဒေသခံများမှဆန္ဒပြခြင်း၊ သပိတ်စခန်း ဖွင့်ခြင်း၊ ကျိန်စာတိုက်ခြင်း၊ ဝမ်ပေါင် ကမ္ပဏီဝန်ထမ်း တချို့အား ဖမ်းဆီးခေါ် ဆောင်ခြင်း စသည်တို့ကို ယနေ့အချိန်အထိ ပြုလုပ်ခြင်း ခံနေရသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့်အတူ အမေရိကန်နိုင်ငံအခြေစိုက် Justice Trust တို့ပူးပေါင်းကာ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းရာတွင် ဖော့စ်ဖရပ် ပါသောဗုံး သုံးခြင်းကို အစိုးရမှမတောင်း ပန်၍ နိုင်ငံတကာတရားရုံးသို့ တင်ပြရန် လုပ်ဆောင်လျက်ရှိနေသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List