Thursday, June 26, 2014

မီဒီယာများကို သတင်းတပ်ဖွဲ့ ခေါ်ယူတွေ့ဆုံမှု ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် စာနယ်ဇင်းကောင်စီ တောင်းဆို



ငွေကြေးခဝါချမှု တားဆီးကာကွယ်ရန်နှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ရန်ဟုဆိုကာ ရန်ကုန် မြို့တော်အခြေစိုက် နေ့စဉ်နှင့် အပတ်စဉ်စာစောင်များ ထုတ်ဝေနေသော သတင်းမီဒီယာများ၏ ရပ်တည် နေမှုများကို အထူးသတင်းတပ်ဖွဲ့က တွေ့ဆုံမေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

သတင်းတပ်ဖွဲ့၏ ခေါ်ယူတွေ့ဆုံ မေးမြန်းမှုသည် တရားဝင်၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း တစ်စုံတစ်ရာ မပါဝင်သည့်အတွက် မသင့်တော်ဘဲ သတင်းတပ်ဖွဲ့၏ တွေ့ဆုံမှုများကို ပြည်သူများ သိရှိရန် ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ကြေညာ၍ နောက်နောင် စစ်ဆေးမေးမြန်းလိုပါက တရားဝင် နည်းလမ်း များဖြစ်စေ၊ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့်ဖြစ်စေ တွေ့ဆုံ၍ ဆောင်ရွက်ရန် လိုသည်ဆိုသော အချက် များ ပါရှိသည့် ကြေညာချက်ကို ဇွန်လ ၂၅ ရက်တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်ခြင်း ဖြစ်ပြီး ဇွန်လ ၂၆ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနထံ ပေးပို့မည်ဖြစ်ကြောင်း ယင်းကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ရှင်းပြသည်။


“စာက ပို့ဖို့ လုပ်နေပြီ။ မနက်ဖြန်လောက်တော့ ပို့ဖြစ်မယ်။ သူတို့ကို စာပို့ပြီးလို့ သူတို့က တွေ့ချင်တယ် ဆိုရင်တော့ တွေ့မယ်” ဟု ၎င်းကဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့က တောင်းခံသော အချက်အလက် အများစုသည် တိုက်စတင် တည်ထောင်စဉ်က ပြန်ကြားရေး ဝန်ကြီးဌာနကို ပေးပို့ထားသည့်အတွက် တောင်းခံကြည့် ရှုနိုင်ပြီး လက်ရှိ ထုတ်ဝေနေမှု အခြေအနေများကိုလည်း သတင်းစာစောင်များတွင် ခဏခဏ ဖော်ပြနေ၍ ရယူနိုင်ကြောင်း ဇွန်လ ၂၄ ရက်နေ့က သတင်းတပ်ဖွဲ့ ခေါ်ယူတွေ့ဆုံ မေးမြန်းခြင်း ခံရသည့် 7 days သတင်းစာ အမှုဆောင်အယ်ဒီတာ ဦးအားမာန်က ပြောကြားသည်။

“သူတို့ဘက်က ဘယ်လောက် ဖော်ရွေတယ်။ တော်တော်ကြီး ပျော့ပျော့ပျောင်းပျောင်း ပြောတယ် ဆိုပေ မယ့် ဘာလဲ ဘာအတွက်လဲဆိုတာ Tension တစ်ခုတော့ ရှိသွားတယ်” ဟု ၎င်းကဆိုသည်။

မီဒီယာ ဆိုသည်မှာ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ကို မီဒီယာ ဥပဒေနှင့် အညီ နိုင်ငံတော်က လုပ်ကိုင်ခွင့် ပေးထားချိန်တွင် သတင်းတပ်ဖွဲ့က ယခုလို တွေ့ဆုံ မေးမြန်းသည့်ကိစ္စမှာ နောက်ကွယ်တွင် အကြောင်းအရာတစ်ခုခုရှိနိုင်ပြီး တရားဥပဒေအရ မသင့်တော်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။

ပြည်တွင်းသတင်းမီဒီယာများကို ခေါ်ယူမေးမြန်းခြင်းသည် စာစောင်များ၏ အောင်မြင်မှု အခြေခံ အကြောင်း အရာများကိုသာ တွေ့ဆုံမေးမြန်း ဆွေးနွေးခြင်း ဖြစ်ပြီး ခေါ်ယူစစ်ဆေးခြင်း မဟုတ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ ရန်ကုန်မြို့တော် အခြေစိုက် သတင်းစာနှင့် စာစောင် ထုတ်ဝေနေသော သတင်းမီဒီယာများကို ငွေကြေးလည်ပတ်နေပုံ၊ ရပ်တည်နေပုံ၊ တိုက်စတင် တည်ထောင်ချိန်နှင့် ဝန်ထမ်းအင်အားတို့ကို ငွေကြေး ခဝါချမှုနှင့် အခြားမလိုအပ်သော ပြဿ နာများ ကာကွယ်ရန် သတင်းအချက်အလက် ရယူလိုသဖြင့် ခေါ်ယူတွေ့ဆုံ မေးမြန်းမည် ဖြစ်ကြောင်း သတင်းတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List