Wednesday, June 25, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န်ကြီးချုပ်ခန့်ထားမည်ကို သံပုံးတီး ဆန့်ကျင်မည်ဟုဆို



ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်သားသာ ခန့်အပ်ရေးနှင့် ရခိုင်မဟုတ်သည့် လူပုဂ္ဂိုလ်ကို ခန့်အပ်မည့် ကိစ္စအပေါ် ကြွေးကြော်သံများဟစ်ကြွေး၍ သံပုံးများတီးခတ်ရန် လက်ကမ်းစာစောင်များ စစ်တွေမြို့တွင် ယနေ့ညနေပိုင်းက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ည ၈ နာရီမှစတင်ကာ ငါးမိနစ်ကြာ ဟစ်ကြွေးရန် တိုက်တွန်းထားသည့် လက်ကမ်းစာစောင်များ စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ဝေငှခြင်းဖြစ်ပြီးမည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ ဝေငှသည်ကို မသိရကြောင်း စစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက် ခွင့်ပေးပြီးနောက် လစ်လပ်လျက်ရှိသောပြည်နယ်ဝန်ကြီးချုပ် နေရာတွင် ရခိုင်လူမျိုးမဟုတ်သည့် လူမျိုးခြား တစ်ဦးအား ခန့်အပ်နေရာပေးခြင်းသည် နိုင်ငံတော်၏ လက်ရှိလျှောက်လှမ်းနေသည့်ဒီမိုကရေစီလမ်းစဉ်၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည်က တစ်ကြောင်း၊ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသော ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာပါလွဲချော်နေသဖြင့် ရခိုင်ဝန်ကြီးချုပ်ရာထူးနေရာတွင် ရခိုင်သားသာဖြစ်ရေး အတွက် ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ၂၅.၆.၂၀၁၄ မှစတင်ပြီး ညနေ ၈ နာရီတိတိမှကြာမြင့်ချိန် ငါးမိနစ်ခန့် မိမိတို့အိမ်မှနေ၍ ‘‘ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ရခိုင်သားကို ခန့်ပေးပါ’’၊ ‘‘လူမျိုးခြား ၀န်ကြီးချုပ် မလိုမရှိ မလိုမရှိ’’ဟူသော ကြွေးကြော်သံများဟစ်ကြွေးကာ ဆန်ကော၊ သံပုံးများ တီးခတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်’’ ဟု ရေးသားထားသည်။

ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် သမ္မတက ပေးပို့သော အဆိုပြု သ၀ဏ်လွှာ ဖတ်ကြားခဲ့သည်။

7Day News Journal 

No comments:

Post a Comment

My Blog List