Tuesday, June 24, 2014

အီရတ်ပြည်တွင်းရေး အမေရိကန် ၀င်ရောက်စွက်ဖက်မှုကို နိုင်ငံရေးပါတီတွေ ကန့်ကွက်


အမေရိကန်နိုင်ငံက အီရတ်ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှာကို အီရတ်နိုင်ငံရေး ပါတီ အများစုက ကန့်ကွက်နေကြပါတယ်။ အမေရိကန်သမ္မတအိုဘားမားက လက်ရှိ အီရတ်ပြည်တွင်းပြဿ    နာကို ကူညီဖြေ ရှင်းပေးဖို့ အမေရိကန်လုံခြုံရေးအကြံပေး အယောက် ၃၀၀ အထိ စေလွှတ်မယ်လို့ ပြောဆိုပြီး နောက်ပိုင်း အီရတ်နိုင်ငံရေးပါတီတွေက သူတို့ရဲ့ သဘောထားကို အခုလို ထုတ်ဖော်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက အီရတ်ပြည်တွင်းရေးတွေမှာ တောက်လျှောက် ၀င်ရောက် စွတ်ဖက်ခဲ့လို့ အခုလို အီရတ်ပြည်တွင်းပဋိပက္ခတွေ ကာလရှည်ကြာနေရတာ ဖြစ်တယ်လို့ အီရတ်နိုင်ငံရေးပါတီတွေက ဆိုကြပါ တယ်။

အီရတ်နိုင်ငံရဲ့ အကြီးဆုံး ဆွန်နီအတိုက်အခံပါတီကြီးဖြစ်တဲ့ အီရတ်အမျိုးသားရေး လှုပ်ရှားမှုပါတီက ပြည်ပနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေကြောင့် အီရတ်ပြည်တွင်းပဋိပက္ခတွေ ဖြေရှင်းလို့ကို မပြီးနိုင်တော့တာ ဖြစ်ပြီး ၀န်ကြီးချုပ် မာလီကီအစိုးရဟာလည်း ပြည်တွင်းပြဿနာဖြစ်တိုင်း နိုင်ငံခြားအကူ အညီတောင်းခံရေးဟာ အစဉ်အလာလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အီရတ်ပြည်တွင်းရေးကိစ္စကို အီရတ်ပြည်သူတွေ ကိုယ်တိုင်ဖြေရှင်းနိုင်တယ်လို့လည်း ပါတီအဖွဲ့ဝင် တဦးဖြစ် တဲ့ ဆာဘာ အယ် ဆာအ်ဒီ (Sabar Al-Saadi) က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဆွန်နီအတိုက်အခံပါတီတွေလိုပဲ ရှီးယားနိုင်ငံရေးပါတီတွေလည်း နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို အပြင်းအထန် ဆန့်ကျင်ကြပါတယ်။

အီရတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ အမေရိကန်ဝင်ရောက်စွက်ဖက်မှုကို အမြဲတမ်းဆန့်ကျင်ပြီး အခုတကြိမ်လည်း လုံခြုံရေးအကြောင်းပြချက်နဲ့ အီရတ်ပြည်တွင်းရေးမှာ ၀င်ရောက်စွတ်ဖက်ဖို့ လုပ် လာပြန်ပြီလို့ ရှီးယားအမျိုးသားရေးလှုပ်ရှားမှု အဖွဲ့ဝင်တဦးက ပြောဆိုခဲ့ပါတယ်။

အိုင်အက်စ်အိုင်အယ်လ်တပ်တွေဟာ အီရတ်နိုင်ငံမြောက်ပိုင်းဒေသတွေကို သိမ်းပိုက်ပြီး နောက်ထပ်မြို့တွေ ကိုလည်း ဆက်လက်သိမ်းယူနေဆဲ ဖြစ်ပါတယ်။

ရှီးယားဂိုဏ်းဝင်တွေ လွှမ်းမိုးတဲ့ အီရတ်အစိုးရကို အဖိနှိပ်ခံ ဆွန်နီသူပုန်တွေကအိုင်အက်စ်အိုင်အယ်လ် တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ အစ္စလာမ်ဘာသာဝင် ရှီးယားနဲ့ ဆွန်နီဂိုဏ်းဝင်တို့ရဲ့ ဘာသာရေးစစ်ပွဲအဖြစ် လုံးဝ အသွင်ကူးပြောင်းသွားမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List