Thursday, June 26, 2014

မစုစုနွေး ၏ ကိုယ်တွေ့မှတ်တမ်းများရေးဖွဲ့ထားသော တိုက်ပွဲဝင်နှင်းဆီ စာအုပ်မိတ်ဆက်





မြန်မာနိုင်ငံတောင်သူလယ်သမဂ္ဂအဖွဲ့မှာတာဝန်ခံအဖြစ်လုပ်ကိုင်ဆောင်ရွက်နေသော မစုစုနွေးသည်၎င်း၏ နိုင်ငံရေးလောကထဲတွင် ဖြတ်သန်းခဲ့သော ဘဝအတွေ့အကြုံများအားရေးဖွဲ့ထားသော တိုက်ပွဲဝင်နှင်းဆီ စာအုပ်အား ဇွန် ၂၅ရက်က ဗိုလ်အောင်ကျော်လမ်းရှိ၊Home Media ရုံးတွင် မိတ်ဆက်သွားခဲ့သည်။

“ကျွန်မဒီစာအုပ်လေးကိုမခံချင်စိတ်ဖြစ်ပေါ်လာတာနဲ့ရေးသားလိုက်တာပါ။ စာအုပ်ထဲမှာပါဝင်တဲ့အကြောင်း အရာတွေကတော့ ကျွန်မနိုင်ငံရေးလောကထဲမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံ ပြီးရေးထား တာဖြစ်သလို တောင်သူလယ်သမားတွေရဲ့ ဘဝစားဝတ်နေရေးများ ကြပ်တည်း နေတာကို လည်းပုံဖော်ရေးသားထားပါတယ်။နောက်တစ်ခုက တောင်သူတွေစိတ်တတ်ခွန်အားရရှိဖို့လည်း ရည်ရွယ်ပါ တယ်၊အရေးကြီးတာကတော့ ကျွန်မကိုပဲအားကိုးနေလို့ မရပါဘူး ကိုယ်ကိုတိုင်လည်း တောင်းဆိုရပါမယ်။ဒါကို တော့ကျွန်မတောင်သူတွေကို အသိပေးချင်တာပါ”ဟု တိုက်ပွဲဝင်နှင်းဆီ စာအုပ်ရေးသားခဲ့သူ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂတာဝန်ခံ မစုစုနွေးကပြောသည်။

“ကျွန်တော် မစုစုနွေးနဲ့ပုဂ္ဂိုလ်ရေး ခင်မင်တာရယ် သူကိုလေးစားတာရယ် ဒါကြောင့် ဒီစာအုပ်လေးကို ကျွန်တော်တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ကူညီပေးခဲ့တာပါ။ကျွန်တော်လုပ်ပေးတာက စာတည်းဖြတ် ပေးခဲ့ တာပေါ့ ဒီစာအုပ်မှာကျွန်တော်ဘာတစ်ခုမှ ဝင်ရောက်စွတ်ဖက်ပြီးတော့ ရေးထားတာမရှိဘူး။ မစုစုနွေး ပြောတဲ့အတိုင်းပဲ ရေးထားတာပါ။စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတွေကိုတော့ ကိုမာကီကစုစည်းပေး ထားတယ်။ အဓိကတော့ မစုစုနွေးရေး နိုင်ငံရေးလောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပါဝင် တယ်။သူ့ကို ကူညီပေးခဲ့တဲ့လူတွေ အကြောင်းကိုလည်းအမှန်တိုင်းပဲရေးထားတယ်။စာအုပ်လေးကတော့ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်”ဟု စီစဉ်တည်းဖြတ်ပေးခဲ့သူစာရေးဆရာ မာန်(တောင်လုံးပြန်) က ဆိုသည်။

၎င်းတိုက်ပွဲဝင်နှင်းဆီ မစုစုနွေးဆိုသော စာအုပ်အားရေသောက်မြစ်စာအုပ်တိုက်မှ အုပ်ရေ(၂၀၀၀) ထုတ်ဝေဖြန့်ချီကြောင်းသိရှိရသည်။ယင်းစာအုပ်အား မစုစုနွေးသည် အချိန်ကာလ ၇လလောက် အချိန်ယူ ပြုစုခဲ့ပြီး စာရေးဆရာ မာန်(တောင်လုံးပြန်)ကအင်တာဗျူးသုံးကြိမ်တိတိပြုလုပ်ခဲ့ပြီးမှ ရေးသားထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ရက်မှာတော့ ဗိုလ်အောင်ကျော်လမ်းရှိ Home Medi ရုံးတွင် သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

“ဒီစာအုပ်အား ဝတ္ထုလည်းမဟုတ်သလို၊အပျော်တမ်းဖတ်တဲ့စာအုပ်လည်းမဟုတ်ပါဘူး သက်ရှိထင်ရှား ရှိနေသေးတဲ့လူတွေကိုဇာတ်ကောင်အဖြစ် ပုံဖော်ရေးသားထားတာပါ။ ဒါကြောင့် ဒီစာအုပ်ကိုပြုစုခဲ့တဲ့ ညီမလေး စုစုနွေးရဲ့  နိုင်ငံရေးလောကမှာ ကူညီပေး ခဲ့သူတွေ လယ်သမားတွေရဲ့အရေးတွေကို ပုံဖော် ရေးသားထားခြင်းလည်းဖြစ်တယ်။ကျွန်တော်လည်းသူကိုလေးစားမိပါတယ် ဒီလိုစာအုပ်မျိုးကို ထုတ်ဝေ တာဟာ အရမ်းကောင်းပါတယ် ပြည်သူတွေအားလုံးသိရှိနိုင်တာပေါ့”ဟု၈၈(မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း)မှ ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List