Tuesday, June 24, 2014

ပီအာရ်စနစ်အသုံးပြုရန် တင်ပြသည့်ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရဟုဆို



လက်ရှိရွေးကောက်ပွဲစ နစ်တွင် အချိုးကျကိုယ်စားပြုစနစ် (PR)ကိုပြောင်းလဲကျင့်သုံးရန် လွှတ်တော်သို့တင်ပြခဲ့သည့်လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းဖြင့် ခြိမ်း ခြောက်မှုများရှိနေကြောင်း ၎င်း၏ ပါတီဖြစ်သော အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ(NDF)ပါတီ က ဇွန်လ ၂၃ရက် ရက်စွဲဖြင့်ကြေ ညာချက်ထုတ်ပြန်လိုက်သည်။
အမျိုးသားလွှတ်တော်တွင် ပီအာရ် စနစ်ကျင့်သုံးရေးအဆိုကိုတင်သွင်းခဲ့သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အား တယ်လီဖုန်းဖြင့်ဆက်သွယ်၍ ခြိမ်းခြောက်ခြင်း၊ လွှတ်တော်အတွင်း၌ စောင်းမြောင်းပြောဆိုခြင်းရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)၏ ၎င်းတို့ လွှတ်တော်ကိုယ်စားလှယ် ကြုံ တွေ့နေရပုံကို ထုတ်ပြန်ချက်တွင် ထည့်သွင်း ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုကြုံတွေ့နေရသည် ဆိုသော ဒေါ်ခင်ဝိုင်းကြည်ကို 7Day Daily သတင်းစာက ဇွန်လ ၂၃ရက် ညနေပိုင်းအထိတယ်လီ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

ဇွန်လ ၁၁ရက်က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ လာမည့်ရွေး ကောက်ပွဲများတွင် မည်သည့်ပါတီ မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်လွှတ်တော်မှ အဆုံးအဖြတ်ပေးပါရန် ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို ဒေါ်ခင်ဝိုင်းကြည်က တင်သွင်း ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်တွင် မဲခွဲရာတပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ၊အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ် တော်ကိုယ်စားလှယ်များနှင့်တိုင်း ရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက် မဲပေး ခဲ့ကြသော်လည်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံ မဲကြောင့်အတည်ဖြစ်သွားခဲ့သည်။

‘‘ဒီစနစ်ကိုပြောင်းဖို့လုပ်တာက နိုင်ငံရေးအရအတိုက်အခံပါတီကို လုပ်ကြံတယ်လို့ပြောလို့ရ တယ်။ ကျွန်တော့်အထင်သူ (ဒေါ် ခင်ဝိုင်းကြည်)က တည်ကြက်ဖြစ် သွားတယ်’’ဟု ပီအာရ်စနစ်ကို ကန့် ကွက်ဆွေးနွေးခဲ့သည့် ရခိုင်အမျိုး သားပါတီမှ အမျိုးသား လွှတ် တော်ကိုယ်စားလှယ်ဦးအုန်းတင် ကပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေကြောင့် ပီအာရ်စနစ်ကို ပြောင်းလဲကျင့်သုံးရန် မသင့်တော်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့ကြသည်။

ဒေါ်ခင်ဝိုင်းကြည်သည် ၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ကိုယ်စားပြု ကာ အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

7 Day daily

No comments:

Post a Comment

My Blog List