Tuesday, June 24, 2014

ၾသစေၾတးလ် သတင်းထောက်ကို အီဂျစ်က ထောင်ဒဏ် ၇နှစ် ချမှတ်


သြစတြေးလျနိုင်ငံသား ​သတင်းထောက် ​Peter ​Greste ​ကို ​အီဂျစ်တရားရုံးက ​ထောင်ဒဏ် ​ခုနှစ်ချမှတ် လိုက်ပြီးတဲ့နောက် ​သြစတြေးလျအစိုးရက ​အီဂျစ်သံအမတ်ကို ​ဒီကနေ့ ​ဆင့်ခေါ်လိုက်ပါတယ်။ Peter ​Greste ​ကို ​အီဂျစ် ​တရားရုံးက ​ထောင်ဒဏ် ​၇ ​နှစ် ​ချမှတ်လိုက်တဲ့အပေါ် ​အံ့အားသင့် ​စိတ်ပျက်ရတယ်လို့ ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ပြောပါတယ်။

သြစတြေးလျနဲ့ ​အီဂျစ် ​နိုင်ငံ ​အကြား ​အကျဉ်းသား ​ဖလှယ်တဲ့ ​သဘောတူညီမှု ​မရှိတဲ့အတွက် ​Peter ​Greste ​လွတ်မြောက် ​ရေးအတွက် ​သြစတြေးလျ ​အစိုးရကလည်း ​အကြပ်တွေ့နေရပါတယ်။

အီဂျစ်သမ္မတသစ် ​Abdel ​Fattah ​el-Sisi ​က ​လွတ်ငြိမ်း ​ချမ်းသာခွင့် ​ပေးမှသာ ​ဖြစ်နိုင်မယ့် ​အတွက် ​လွတ်ငြိမ်းချမ်း ​သာခွင့်ရဖို့ ​အတွက် ​ကြိုးစားသွား ​မယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောပါတယ်။

Peter ​Greste ​ဟာ ​Al-Jazeera ​သတင်းထောက်ဖြစ်ပြီး ​သတင်းမှား ​ဖော်ပြမှုနဲ့ ​တရားမဝင် အဖွဲ့အစည်းဖြစ်တဲ့ ​မွတ်စလင်ညီနောင်များပါတီကို ​ထောက်ပံ့မှုတွေနဲ့ ​တရားစွဲခံရပြီး ​ပြစ်ဒဏ်ပေးခံရတာ ​ဖြစ်ပါတယ်။

သူနဲ့အတူ ​တခြား ​အီဂျစ်နိုင်ငံသား ​၂ ​ဦးလည်း ​ဖမ်းဆီးခံရပြီး ​တစ်ဦးကို ​ထောင်ဒဏ် ​၇ ​နှစ် ​ချမှတ်ပြီး ​နောက်တစ်ဦးကို ​ထောင်ဒဏ် ​၁၀ ​နှစ် ​ချမှတ်လိုက်ပါတယ်။

Peter ​Greste ​ကို ​ထောင်ဒဏ် ​ချမှတ်လိုက်ပြီးနောက် ​အီဂျစ်နိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ ​သြစတြေးလျနိုင်ငံထဲမှာ ​တိုက်တွန်းမှုတွေရှိလာသလို ​အမေရိကန်အပါအဝင် ​နိုင်ငံတကာကလည်း ​အီဂျစ်ကို ​ဝေဖန်နေကြပါတယ်။

အီဂျစ်တရားရေးရာ ​စနစ်ကို ​ဝေဖန်တဲ့အပေါ် ​အီဂျစ်အစိုးရက ​ငြင်းပယ်လိုက်ပြီး ​အီဂျစ်ပြည်တွင်းရေးမှာ ​ဝင်ရောက်စွက်ဖက်မှုတွေ ​မလုပ်ဖို့လည်း ​တုန့်ပြန်ပြောဆိုထားပါတယ်။

ABC

No comments:

Post a Comment

My Blog List