Wednesday, June 25, 2014

မြန်မာနိုင်ငံတွင်နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ရေးအတွက် ကြီးကြပ်ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းရေး လုပ်ငန်းများစတင်


မြန်မာနိုင်ငံနိုင်ငံခြားဘဏ်များဖွင့်လှစ်ရေးအတွက် ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ကို နိုင်ငံတော်ဗဟိုဘဏ် အဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ ဂျာမနီအခြေစိုက်ကအကြံပေးပညာရှင်များအပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကပညာရှင်များနှင့် ကမ္ဘာ့ဘဏ် အဖွဲ့ကပညာရှင်များပူးပေါင်း ပါဝင်သည့် ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရွေးချယ်ရေးလုပ်ငန်းကိုစတင်ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကှဌ ဦးဆက်အောင်ကပြောကြားသည်။

ယနေ့ကျင်းပသည့်ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမမြောက်နေ့ တွင် နိုင်ငံခြားဘဏ်များဖွင့်လှစ်ရေး၊ ကြီးကြပ်ရေးနှင့်ပတ်သက်ပြီးစီမံဆောင်ရွက်လျက်ရှိသောအခြေအနေနှင့်
ပြည်တွင်းဘဏ်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်အခြေအနေများကို လွှတ်တော်သို့ တင်ပြဆွေးနွေး ရာမှာပြောကြားခြင်းဖြစ်သည်။

''လက်ရှိမြန်မာနိုင်ငံမှာငွေကြေးတွေကိုအရွက်လိုက် အုပ်လိုက် ကိုင်ဆောင်မှုတွေကိုနောက်ပိုင်းမှာ ကဒ်စနှစ်တွေ၊ လက်ကိုင်ဖုန်းစနှစ်တွေနဲ့ ကိုင်ဆောင်သုံးစွဲလို့ရအောင် မိုဘိုင်းဘန်းကီးအနေနဲ့ ရအောင် လုပ်နေကြောင်း၊ နိုင်ငံခြားဘဏ်များဖွင့်လှစ်ရေးချယ်ရေးနှင့် ပြည်တွင်းဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 
လုပ်ငန်းလုပ်ဆောင်မှုတွင် အဓိကအချက်(၃)ချက်ဖြစ်သည့် နိုင်ငံတော်အကျိုး၊ ပြည်တွင်းဘဏ်များဧ။်အကျိုးနှင့် ပြည်တွင်း လုပ်ငန်းရှင်များဧ။်အကျိုးဆိုသည့်အချက်တွေကိုစဉ်းစားဆောင်ရွက်လျက်ရှိကြောင်း'' မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌဦးဆက်အောင်ကဆက် လက်ပြောကြားသည်။

မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုကြီးမားသည့် နိုင်ငံခြားဘဏ်တွေ ဝင်ရောက်လာလျှင် ပြည်တွင်းဘဏ်တွေမှ ကျွမ်းကျင်ဝန်ထမ်းတွေက လစာကောင်းရသည့် နိုင်ငံခြားဘဏ်တွေကိုပြောင်းရွေ့လုပ်ကိုင် သွားလျှင် ပြည်တွင်းဘဏ်တွေက ကျွမ်းကျင်ဝန်ထမ်း၊ လုပ်သားရှားပါမှုတွေကြောင့် ပြည်တွင်းဘဏ်တွေမှာရေရှည် 
မှာမရပ်တည်နိုင်ဘဲ ပြည်တွင်းဘဏ်တွေ ပျက်စီးသွားမည့်အရေးစိုးရိမ်သည် ဆိုသည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဧ။်မေးမြန်းချက်နှင့်ပတ်သက်ပြီး -

''နိုင်ငံခြားဘဏ်တွေမှာ ပြည်တွင်းဘဏ်တွေက ကျွမ်းကျင်ဝန်ထမ်းတွေ ရွှေ့ပြောင်းလုပ်ကိုင်တယ်ဆိုတာက ဖြစ်နိုင်ပါတယ်၊ ကျွမ်းကျင်အလုပ်သမားတွေတစ်နေရာကနေတစ်နေရာကူးပြောင်းလုပ်ကိုင်တယ်ဆိုတာဟာ
ကမ္ဘာ့နိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ တားဆီးလို့မရတဲ့ အခြေခံအချက်ဖြစ်ပါတယ်၊ နိုင်ငံခြားဘဏ်တွေကဘဏ် အရေအတွက် ၂ဝ ၊ ၃ဝ အများကြီးမဖွင့်ဘဲနဲ့ အနည်းအကျဉ်းသာဖွင့်ရင်တော့ အလုပ်သမားပြောင်းရွေ့မှု အများကြီး သက်သာမှာဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာအဲဒီလိုအလုပ်သမားပြောင်းရွှေ့လုပ်ကိုင်မှုကို ၁ဝဝ ရာခိုင်နှုန်း တားဆီးလို့ရတဲ့ နိုင်ငံမရှိပါဘူး '' ဟု ဦးဆက် အောင်က ရှင်းလင်းပြောကြားပါတယ်။

ပြည်တွင်းကဘဏ်တွေကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကြိုက်သည့်နေရာမှာကြိုက်သလောက် ဘဏ်ခွဲ အရေအတွက်တွေ ဖွင့်ခွင့်ပြု နိုင်တဲ့အချိန်မှာ နိုင်ငံခြားဘဏ်တစ်ခုအနေနှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရှိသည့် မြို့တစ်မြို့တစ်မြို့မှာရှိသော နေရာတစ်ခုမှာသာဖွင့်ခွင့်ပေးရန် ကန့်သတ်ချက် ထားရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ဖွင့်လှစ်ရေးအတွက် ဘဏ်ဖွင့်လှစ်ရွေးချယ်ရေးအဖွဲ့က နိုင်ငံခြားဘဏ် (၅)ခုမှ (၁ဝ)ခုအကြားသာဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List