Tuesday, June 24, 2014

မနက်တိုင်း ဇနီးသည်ကိုနမ်းတဲ့ အမျိုးသားက ပိုမို ဝင်ငွေကောင်း



အမေရိကန်က လေ့လာရေး သုတေသနတို့ တွေရှိထားတဲ့ အချက် ဖြစ်ပါတယ်။ ယင်းအချက်အရ မနက်တိုင်း အလုပ်သွား ခါနီး၊ ရုံးသွားခါနီး ဇနီးကို နမ်းတဲ့ အမျိုးသားများက ဇနီးကိုမနမ်းတဲ့ အမျိုးသားများထက် ပိုမိုဝင်ငွေများကြောင်း သိရ ပါတယ်။ 
ဒီအတွက် အိမ်ထောင်ပြုပြီး အမျိုးသားတစ်ထောင်ကျော်မှာ စစ်တမ်းကောက် လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ လေ့လာ စမ်းသပ်တုန်းက မနက်တိုင်း ဇနီးသည်ကို နမ်းတဲ့အမျိုးသားက သာမန်အမျိုးသားများထက် အသက် ငါးနှစ်ခန့် ပိုရှည်တာကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါ တွေ့ရှိချက်ကတော့ ဇနီးသည်ကို မနက်တိုင်း နှုတ်ဆက် အနမ်းတဲ့ အမျိုးသားများက ပိုမို ဝင်ငွေများခြင်း ဖြစ်ပါတယ်။ 

ယင်းဟာ သာယာတဲ့ အိမ်ထောင်ရေး အခြေအနေကို ဖော်ပြပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်စေတဲ့ အဓိက သော့ချက် ဖြစ်ကြောင်း ဆိုထား ပါတယ်။
.
Ref: dyknow
YoYarLay

No comments:

Post a Comment

My Blog List