သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေ ဒုက္ခသည်အဖြစ် အသိမှတ်ခံ ရဖို့အတွက် သတ်မှတ်တဲ့ စည်းမျဉ်းဥပဒေတွေကို အစိုးရက တင်းကြပ်လိုက်မယ်ဆိုရင် ခိုလှုံခွင့်တောင်းခံသူတွေကအတွက် ပိုမိုခက် ခဲစေတယ်လို့ သြစတြေးလျ ရှေ့နေများအဖွဲ့ကပြောပါတယ်။
သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံသူ တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေကို ပိုမို လုပ်ဆောင် နိုင်ဖို့ အတွက် လူဝင်မှု ဥပဒေမှာ ပြောင်းလဲမှုတွေ လုပ်ဖို့ သြစတြေးလျနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Scott Morrison က အဆိုတင်သွင်းခဲ့ပါတယ်။
လူဝင်မှုဥပဒေ ပြောင်းလဲမှု အဆိုတင်သွင်းချက်ထဲမှာ ခိုလှုံခွင့် တောင်းခံသူ တွေဟာ သူတို့ရဲ့ မူလ ဌာနေကို ပြန်မယ် ဆိုရင် အသက် ဘေးအန္တရာယ် ကြုံတွေ့ ရနိုင်မယ့် ရာခိုင်နှုန်း ၅၀ ကျော်ရှိမှသာ ဒုက္ခသည် အဖြစ် အသိ အမှတ် ပြုခွင့် ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီအဆို တင်သွင်းမှုသာ အောင်မြင်မယ်ဆိုရင် ခိုလှုံခွင့် တောင်းခံသူတွေအနေနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရဖို့ အခွင့်အလမ်းတွေနည်းပါးသွားမှာ ဖြစ်တယ်လို့ သြစတြေးလျ ရှေ့နေများအဖွဲ့က ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ABC

No comments:
Post a Comment