Monday, June 23, 2014

သန်းခေါင်စာရင်း မကောက်ဖြစ်တဲ့ ဒေသတွေမှာ ဆက်လက် ကောက်ခံဖို့ မရှိတော့


၂၀၁၄ ​ခုနှစ် ​ပြည်လုံးကျွတ် ​သန်းခေါင်စာရင်းကောက်ယူမှုမှာ ​ကောက်ယူဖို့ကျန်နေတဲ့ ​ဒေသတွေကို ​ဆက်လက် ​ကောက်ယူတော့မှာ​မဟုတ်ဘူးလို့ ​ပြည်သူ့အင်အားဦးစီးဌာနက ​ပြောပါတယ်။ပြည်သူ့အင်အား ဦးစီးဌာန ​ညွှန်ကြားရေးမှူးချုပ် ​ဦးမြင့်ကြိုင်က ​နည်းပညာဆိုင်ရာ ​နှောင့်နှေးမှုတွေ​ကြောင့် ​စာရင်းကောက် ကာလ ​ရှစ်ပတ် ​ထပ်တိုးကောက်ယူခဲ့တဲ့ ​ထပ်တိုးကာလကို ​ဇွန်လ ​၁၄ ​ရက်နေ့ ​မှာပဲ ​နောက် ​ဆုံး ​ကောက် ​ယူခဲ့ပြီး ​ကောက်ယူမှုကို ​ရပ်နားလိုက်ပြီလို့ ​ဆိုပါတယ်။

စာရင်းကောက်ယူဖို့ ​ကျန်နေတဲ့ ​ရခိုင်နဲ့ ​ကချင်ပြည်နယ် ​ဒေသတစ်ချို့မှာ ​သန်းခေါင်စာရင်း ​ကောက်ယူ ​နိုင်ဖို့ ​အတွက် ​နည်းလမ်းမျိုးစုံနဲ့ ​ကြိုးစားခဲ့ပေမယ့် ​သတ်မှတ်ကာလအထိ ​ဆောင်ရွက် ​နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ​သန်းခေါင်စာရင်း ​ကော်မတီ ​လူမှုကွန် ​ယက် ​စာမျက်နှာမှာ ​ဖော်ပြထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုမှာ ​ကျန်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ​စာရွက်တွေကို ​Scan ​ဖတ်တာတွေ ​အချက်အလက် ​ပြန်လည် ​သုံးသပ်မှုတွေ ​လုပ်ဖို့ ​ကျန်နေသေးတယ်လို့လည်း ​ဦးမြင့်ကြိုင်က ​ပြောပါတယ်။

သန်းခေါင်စာရင်းရဲ့ ​ရှေ့ပြေးလူဦးရေစာရင်းကို ​၂၀၁၄ ​သြဂုတ်လမှာ ​ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ​အပြည့်အစုံ ​ကိုတော့ ​၂၀၁၅ ​မေလမှာ ​ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List