Thursday, June 26, 2014

ငြိမ်းချမ်းရေး မိန့်ခွန်း ပိုပြောဖို့ အစ္စလာမ်မစ် ခေါင်းဆောင် တွေကို သြစီတိုက်တွန်း


သြစတြေးလျ ​နိုင်ငံအတွင်းက ​အစ္စလာမ်မစ် ​ဘာသာရေး ​ခေါင်းဆောင်တွေ ​အနေနဲ့ ​ငြိမ်းချမ်းရေး ​မိန့်ခွန်းတွေ ​ပိုမို ​ဟောပြောကြဖို့ ​သြစတြေးလျ ​အစိုးရက ​တိုက်တွန်း ​လိုက်ပါတယ်။အရှေ့ ​အလယ်ပိုင်း ​ဒေသတွေမှာ​ဖြစ်နေတဲ့ ​အစွန်းရောက် ​လှုပ်ရှား​မှုတွေကို ​ထောက်ခံတဲ့ ​တီရှပ်အင်္ကျီတွေ ​ဝတ်ဆင် ​နေကြ တာဟာ ​သြစတြေးလျ ​နိုင်ငံလူမှုအတွင်း ​စည်းလုံး​ညီညွတ်မှုတွေ ​ထိခိုက်နိုင်တဲ့အတွက် ​အဲဒီလိုမျိုး ​လုပ်ရပ်တွေမလုပ်ဖို့ ​သတိပေးတာတွေ ​လုပ်သင့်တယ်လို့ ​ပြောသွားတာ ​ဖြစ်ပါတယ်။

အီရတ်​နိုင်ငံနဲ့ ​ဆီးရီးယား​နိုင်ငံ​စစ်အတွင်း ​သြစတြေးလျ​နိုင်ငံသား ​မွတ်စလင်တွေရဲ့ ​အကြောင်းနဲ့ ​ပတ်သက်ပြီး​မေးမြန်းရာမှာ ​ဝန်ကြီးချုပ် ​တိုနီ ​အာဘော့တ်က ​ဘယ်အသင်း​အဖွဲ့ကိုမှ ​မထိခိုက်ပဲ ​ငြိမ်းချမ်းရေး ကို ​ဦးတည်​စေမယ့် ​ဟောပြောမှု ​မျိုးတွေကို ​အစ္စလာမ်မစ်သာမက ​ဘာသာရေး ​ခေါင်းဆောင်တိုင်းက ​လုပ်သင့်တယ်လို့ ​ပြောသွားတာဖြစ်ပါတယ်။

တဆက် ​တည်းမှာပဲ ​သြဂုတ်လကြရင် ​ဆစ်ဒနီမြို့ ​Opera ​ပြဇာတ်ရုံမှာ ​ပြုလုပ်မယ့် ​Honour ​Killings ​are ​Morrally ​Justified ​“မိသားစု ​ဂုဏ်သိက္ခာအတွက် ​လူသတ်မှုတွေ ​လုပ်တာဟာ ​လက်ခံနိုင်စရာ ​ဖြစ်တယ်” ​ဆိုတဲ့ ​အကြောင်းကို ​မိန့်ခွန်း ​ဟောပြောသူ ​Uthman ​Badar ​က ​ဟောပြာ ​ဖို့ရှိပေမယ့် ​ဒီလို ​ဟောပြော ​မှုတွေကို ​အင်တာနက် ​ကနေတဆင့် ​ဝိုင်းဝန်း ​ကန့်ကွက်မှုတွေ ​များလွန်း ​တဲ့အတွက် ​ဖျက်သိမ်း ​လိုက်တာ ​ဖြစ်ပါတယ်။

သူ့အနေနဲ့ ​honour ​killing ​ကို ​ပိုမိုလုပ်သင့်တယ်လို့ ​ပြောလိုတာမဟုတ်တဲ့ ​အကြောင်း ​သူ့ကို ​တိုက်ခိုက်မှု ​လုပ်နေတာဟာ ​အစ္စလာမ်ဘာသာကို ​ကြောက်ရွံ့သူတွေသာ ​ဖြစ်တဲ့အကြောင်း ​မိန့်ခွန်း ​ပြောကြားသူ ​Uthman ​Badar ​က ​တုန့်ပြန်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List