Monday, June 23, 2014

အင်ဒိုနီးရှားသမ္မတလောင်းများ ရုပ်သံတွင် စကားရည်လုမည်

  
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံတကာ နိုင်ငံရေးနဲ့ အမျိုးသား လုံခြုံရေးအပေါ် ရုပ်သံကနေ တိုက်ရိုက်လွှင့်မယ့် စကားရည်လုပွဲကို ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။

သမ္မတလောင်းကိုယ်စားလှယ်တွေဟာ ဇူလိုင် ၉ ရက် ရွေးကောက်ပွဲမတိုင်မီ ထင်မြင်ချက် စစ်တမ်းမှာ လူကြိုက်များမှုက မကွာလှဘဲ နီးကပ်နေခဲ့တာပါ။

ဂျိုကိုဝီဒိုဒိုက ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုထက် အစွန်းထွက် အသာစီး ရထားပါတယ်။

တောင်တရုတ်ပင်လယ်ရေပိုင်နက်အရေးနဲ့ ပက်သတ်ပြီး အင်ဒိုနီးရှားဟာ ဘယ်ဘက်က လိုက်မလဲဆို တာကို ဆုံးဖြတ်ဖို့ ပိုသတိထားသင့်တယ်လို့ ၀ီဒီိုဒိုက ပြောပါတယ်။

ဆူဘီယန်တိုကတော့ အင်ဒိုနီးရှားဟာ သြစတြေးလျနဲ့ ဆက်ဆံရေးကောင်းကို ထိန်းထားဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါမှ အင်ဒိုနီးရှားရဲ့ အမျိုးသားအကျိုးစီပွားကို ခိုင်ခိုင်မြဲမြဲ ကာကွယ်နိုင်မယ်လို့ ပြောပါတယ်။

ပထ၀ီနိုင်ငံရေးအရ စီးပွားရေးဟာ အနောက်ကနေ အရှေ့ကို အနောက်ကနေ အာရှကို ရွှေ့လာနေပြီ အင်ဒိုနီးရှားက အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာ ၂ ခုကြားအလယ်မှာ ရှိနေတယ်။

ရေကြောင်း စွမ်းဆောင်ရည်တွေက တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လဲ ဆူဘီယန်တိုက ပြောပါတယ်။

နောက်တကြိမ် စကားရည်လုပွဲကိုတော့ ဇွန် ၂၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List