Tuesday, June 24, 2014

ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးအဖွဲ့တွေ ၁ ပတ်ကြာ အပစ်ရပ်ရေး သဘောတူ


ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးပြည်နယ်ကြီး ၂ ခု ဖြစ်တဲ့ ဒိုနက်ရှ်ပြည်နယ်နဲ့ လုဟန်ရှ် ပြည်နယ်က ခေါင်းဆောင်တွေနဲ့ ယူကရိန်းအစိုးရကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က တွ့ဆုံဆွေးနွေးခဲ့ကြပြီး ဇွန် ၂၁ ရက်နေ့ကနေ ဇွန် ၂၇ ရက်နေ့အထိ ၁ ပတ်ကြာ အပစ်အခတ်ရပ်စဲထားဖို့ သဘောတူခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ရုရှားထိပ်တန်းသံတမန်တဦးနဲ့ ယူကရိန်းသမ္မတဟောင်း လီယိုနစ် ကွက်ရှ်မာ တို့ တက်ရောက်ခဲ့ကြပြီး အခုလို အပစ်အခတ်ရပ်ရေး သဘောတူညီမှု ရရှိတာဟာ အဓိကပြဿနာတခုကို ဖြေရှင်းနိုင်လိုက်တာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတဟောင်းက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က ယူကရိန်းသမ္မတ ပိုရိုရှန်ကို အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတ ပူတင်က ထောက်ခံခဲ့ပြီး ခွဲထွက်ရေးတွေနဲ့ တွေ့ဆုံညိနှိုင်းဖို့ ယူကရိန်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ငြိမ်းချမ်းရေးအစီအစဉ်ကို ချပြခဲ့ပေမယ့် ယူကရိန်းအရှေ့ပိုင်းက အဓိက မြို့တွေကို သိမ်းယူထားတဲ့ ယူကရိန်းခွဲထွက်ရေးတွေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်ထားပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ၁ ပတ်ကြာကာလအတွင်း လက်နက်ချရေး စဉ်းစားထားဖို့နဲ့ အဲ့ဒါမှ မဟုတ်ရင် ဒုတိယအစီအစဉ်ဖြစ်တဲ့ ယူကရိန်းစစ်တပ်ရဲ့ ထိုးစစ်ကို ရင်ဆိုင်ဖို့ ယူကရိန်းသမ္မတက ခွဲထွက်ရေးတွေကို သတိပေးထားပါတယ်။

၁ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်ဖြစ်တဲ့ ဇွန် ၂၇ ရက်နေ့မှာ ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ရေး သဘောတူလက်မှတ်ရေးထိုးမှာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List