Monday, June 23, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းဟာ စစ်တပ်ကို မုန်းတီးလို့ မဟုတ်ဟု ဒေါ်စုပြော


ပဲခူးတိုင်းဒေသကြီး ​ရေတာရှည်မြို့နယ်မှာ ​ပြုလုပ်တဲ့ ​ပုဒ်မ ​(၄၃၆) ​ပြင်ဆင်ရေး ​ဟောပြောပွဲအတွင်း ​အမျိုးသားဒီမိုကရေစီ​အဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က ​သူ့အနေနဲ့ ​စစ်တပ်ကို ​မုန်းတီးလို့ ​ဥပဒေကို ​ပြင်ဆင်လိုတာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

ပုဒ်မ ​၄၃၆ ​ကို ​ပြင်ဆင် ​ချင်တာက ​စစ်တပ်ကို ​မုန်းလို့ ​ပြင်ချင် ​တာမဟုတ်ပဲ ​စစ်တပ် ​ကိုယ်စား ​လှယ်တွေ ​အနေနဲ့ ​မယူသင့်တဲ့ ​အခွင့်အရေးကို ​မယူစေချင်လို့ ​အခုလို ​ပြုပြင်ပြောင်း ​လဲဖို့ ​ကြိုးစား ​တာ ​ဖြစ် ​တယ် ​လို့ ​တောင်ငူနဲ့ ​ရေတာရှည် ​မြို့ ​နယ် ​မှာ ​ပြု ​လုပ် ​တဲ့ ​ဟော ​ပြောပွဲမှာ ​ပြောသွား ​တာ ​ဖြစ်ပါတယ်။

လွှတ်တော်မှာ ​ပြည်သူတွေ ​ရွေးကောက် ​တင်မြောက်မထားတဲ့ ​စစ်တပ် ​ကိုယ်စားလှယ်တွေ ​၂၅ ​ရာခိုင်နှုန်း ​နေရာယူထားပြီး ​လွှတ်တော်အတွင်း ​အရေးကြီးတဲ့ ​ကိစ္စကိုလည်း ​အဲဒီကိုယ် ​စားလှယ် ​တွေက ​ဆုံးဖြတ်ပေး ​တာတွေလုပ်တဲ့ ​အတွက် ​မသင့်တော် ​ဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

စစ်တပ် ​ကိုယ်စားလှယ်တွေ​အနေနဲ့ ​ရွေးချယ်တင်မြောက်ခြင်းမခံရဘဲ ​အခုလို ​နေရာယူ ​တဲ့အပေါ် ​တခြားနိုင်ငံရေး ​ပါတီတွေနဲ့  ​လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ​လက်မခံ ​နိုင်ပဲ  ​လာမယ့် ​၂၀၁၅ရွေး ​ကောက်ပွဲကစပြီး ​စစ်တပ်​ကိုယ်စားလှယ်တွေကို ​တဖြည်းဖြည်းခြင်း ​ဖြုတ်ချဖို့ ​စီစဉ်နေ ​ကြောင်းလည်း ​ညီနောင်တိုင်းရင်းသားပါတီများ ​ဖက်ဒရေးရှင်းက ​ပြောပါတယ်။

လက်ရှိအနေ ​အထားအရ  ​ပြည်သူ့လွှတ်တော်မှာ ​စစ်တပ်ကိုယ်စားလှယ်ဦးရေ ​(၁၁၀) ​ရှိပြီး ​အမျိုးသား လွှတ်တော်မှာ ​(၅၈) ​ဦး ​နေရာယူထားတယ်လို့လည်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List