မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစခန်းများကို မိုင် ၄၀ လျှင် တစ်ခုထားရှိပေးနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ယခုလ ၂၆ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ဖြေကြားရာတွင် အထက် ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လမ်းမကြီးအား နိုင်ငံတကာ အဆင့်မီပြုပြင်နိုင် ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာ နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ၃၆၆ မိုင် ကျော်ရှည် လျားသော လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်မည် ဖြစ် ကြောင်း ဦးစိုးတင့်က ပြောသည်။
‘‘အမြန်လမ်းက ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေလည်း မကြာခဏ ဖြစ်တယ်။ တချို့နေ ရာတွေမှာဆိုရင် လမ်းပေါ် မှာ ဘလောက်တုံးတွေချပြီး အနုကြမ်းစီးတဲ့ပုံစံတွေအထိ ဖြစ်နေတယ်။ ဒါကြောင့် ဒီလမ်းမကြီးပေါ်မှာ ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေ ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဆင့်မြင့်လမ်း ဖြစ်လာဖို့ ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းမေးတာ ဖြစ်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောသည်။
အမြန်လမ်းအန္တရာယ် ကင်း ရှင်းရေးအတွက် သတ်မှတ်မိုင် နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား အရှိန်တိုင်းကိရိ ယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ၂၀၁၃ ဧပြီမှ ယနေ့အထိ ယာဉ်အစီးရေး ၂၆၀၀ ကျော်ကို အရေးယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။
‘‘ကပ်တုံးများ ဖြုတ်ယူပြီး ယာဉ်များကိုအန္တရာယ်ဖြစ်စေရန် ကြံရွယ်ပြီး လုယက်ရန်ကြံစည်သူများကို ဖော်ထုတ်အရေး ယူခဲ့ရာ ထောင်ဒဏ် သုံးနှစ်သုံးလချမှတ်ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် အမြန် လမ်းမကြီး တစ်လျှောက် နေ့၊ ည မပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ် ကင်းများနဲ့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးစိုးတင့်က ပြော ကြားသည်။
ဖော်ပြပါ လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ရာဇာမင်း ယာဉ် တိမ်းမှောက်မှုသည် အမြန်လမ်းမပေါ်တွင် ဖြစ်ပွားသည့် ယာဉ် တိမ်းမှောက်မှုများအနက် လူအ သေအပျောက် အများဆုံး တိမ်း မှောက်မှု ဖြစ်သည်။
7Day Daily
No comments:
Post a Comment