Monday, June 23, 2014

နိုင်ဂျီးရီးယားပေါ့အဆိုတော် အဒိုကီယာက သူမရဲ့အပျိုစင်ဘဝနဲ့ ပြန်ပေးဆွဲခံ မိန်းကလေးတွေကို အလဲအလှယ်လုပ်ရန် ကမ်းလှမ်း


ထင်ရှားလှတဲ့ နိုင်ဂျီးရီးယားပေါ့အဆိုတော်က အဒိုကီယာက အံ့သြဖွယ်ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက် ပါတယ်။ အသက် ၂၃ နှစ် အရွယ် အဒိုကီယီဟာ သူမရဲ့အပျိုစင်ဘဝကို လိုချင်တဲ့ မည်သူမဆို သူမရဲ့ မိခင်ကို ဂျက်လေယာဉ်တစ်စီး ဝယ်ပေးရင် ရယူနိုင်တယ်လို့ ကြေငြာထားသူ ဖြစ်ပါတယ်။ 

အခုအခါ အဒိုကီယာမှ သူမရဲ့ အပျိုစင်ဘဝနဲ့ပတ်သက်ပြီး အံ့သြဖွယ်ရာ ကမ်းလှမ်းမှုတစ်ခုကို ဘိုကို ဟာရာမ် အစ္စလမ္မစ် စစ်သွေးကြွများထံ အကြောင်းကြား လိုက်ပါတယ်။ 

အများက လိုချင်တပ်မက်နေကြတဲ့ သူမရဲ့အပျိုစင်ဘဝကို ဘိုကိုဟာရာမ်အဖွဲ့သားတွေက ရယူချင်တယ် ဆိုရင်အလဲအလှယ်အနေနဲ့ ဘိုကိုဟာရာမ်တို့ပြန်ပေးဆွဲထားတဲ့ချီဘော့မြို့က မိန်းကလေးတွေကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ သူမအနေနဲ့ ဒီလိုကမ်းလှမ်းလိုက်ရင် အကြမ်းဖက်သမားတွေရဲ့ လိင်ကျွန် ဘဝကို ရောက်သွားနိုင်တယ်လို့ သတိပေးတဲ့အခါ အခုလို တုန့်ပြန် ပြောဆိုပါတယ်။

"သခင်ယေရှုရဲ့ကျေးဇူးတော်ကို ပြန်ဆပ်ခွင့် ကြုံတယ်လို့ သဘောထားပါတယ်။ သူတို့လေးတွေက ၁၂ နှစ်ကနေ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မကတော့ သူတို့နဲ့စာရင် အသက်ကြီးနေပါပြီ။ ကျွန်မကို ညစဉ်ညတိုင်း လူ ၁၀ ယောက်က စော်ကားတယ်ဆိုဦးတော့ ကိစ္စမရှိပါဘူး။ သူတို့လေးတွေကို လွှတ်ပေးပြီး သူတို့လေးတွေ သူတို့မိဘတွေနှင့် တွေ့ခွင့်ရတယ်ဆို ကျွန်မ ကျေနပ်ပါတယ်"

Source; osun defender 
The Myanma Age

No comments:

Post a Comment

My Blog List