Friday, June 27, 2014

အခြေခံဥပဒေပြင်ရန် လူထုလှုပ်ရှားမှု မကွေးတိုင်းတွင် ခွင့်ပြုချက်ရ



နိုင်ငံရေး လှုပ်ရှားမှုများ ကိုသတိကြီးကြီးထားကာ စောင့် ကြည့်လေ့ရှိသည့် မကွေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံပြင် ဆင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်းကို အာဏာပိုင်များဘက်က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်း၍ ဇွန်လ ၃၀ ရက် တွင်မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပွဲကျင်းပရန် လေးရက်ခန့်အလို ဇွန်လ ၂၆ ရက်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပြခွင့် တောင်းတာ ရေနံချောင်းက ရှားရှားပါးပါး ပထမဆုံးအကြိမ်ရဖူးတယ်။ လူထုဟောပြောပွဲ ကတော့ရလေ့မရှိဘူး။ ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးတင်းကျပ်တဲ့၊ ဖိနှိပ်ထားတဲ့ မကွေးမှာတော့ လူထုဟောပြောပွဲကို မင်းဘူးမြို့က ပထမဆုံးခွင့်ပြုချက်ရတာပါ’’ဟု မကွေး အင်န်အယ်လ်ဒီ၏ တိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ယခုကဲ့သို့ ခွင့်ပြုချက်ပေးခဲ့ခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတလက် မှတ်ရေးထိုးကာ ပြင်ဆင်ခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေ၏ အကျိုးသက်ရောက်မှုဟု ယူဆကြောင်း ဦးနေမျိုးကျော်က ပြောသည်။

နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု များသာမက စာပေဟောပြောပွဲ များ၊ စစ်ပြေးဒုက္ခသည်များအ တွက် သီချင်းဆိုကာ ရန်ပုံငွေ ရှာ ဖွေမှုများ၊ စီတန်းလှည့်လည်ပွဲ များကို ခွင့်ပြုချက်ပေးရန် မကြာ ခဏ ငြင်းဆန်ခဲ့မှုနှင့် ပါဝင်ပတ် သက်သူများကို တရားစွဲဆိုမှုများကြောင့် မကွေးတိုင်းသည် အစိုးရသစ်လက်ထက်တွင် ဖိနှိပ်မှုအများဆုံးတိုင်းဒေသကြီးတစ်ခုအဖြစ် စာရင်းဝင်ခဲ့သည်။

လတ်တလောတွင် ဇွန်လအ စောပိုင်းက မကွေးမြို့၌ ကျင်းပခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုချက်ပေးရန် ဒေသအာဏာပိုင်များက ငြင်းဆန်ခဲ့ပြီး တားမြစ်နေသည့်ကြားမှ ပွဲကျင်းပခဲ့၍ ဦးဆောင်သူကို တရားစွဲဆိုထားသည်။

မင်းဘူးမြို့တွင် ကျင်းပမည့် အဆိုပါ ဟောပြောပွဲအတွက် ယခင်က ခရိုင်အားကစားကွင်းကိုအသုံးပြုခွင့် တောင်းခံခဲ့သော် လည်း အားကစားဝန်ကြီးဌာနက ပယ်ချခဲ့သောကြောင့် ဦးသြဘာသခန်းမအနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အင်န်အယ်လ်ဒီနှင့် ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး နိုင်ငံအနှံ့ကျင်းပနေသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးအ တွက် လူထုဟောပြောပွဲများ ကျင်းပခွင့်ကို မကွေးတိုင်းနှင့် မွန်ပြည်နယ် အစိုးရများက ပိတ်ပင်တားဆီးမှု အများဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန်ထားသည်။


7Day Daily

No comments:

Post a Comment

My Blog List