Thursday, June 26, 2014

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေးအမြင့်ဆုံး ယူရိုသန်း ၆၀ တန် အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းအရိုင်းတုံးနှင့် ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲကို တင်ပြရောင်းချမည်


(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် အခြေခံဈေး အမြင့်ဆုံး ယူရိုသန်း ၆၀ တန်ရှိသည့် အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းအရိုင်းတုံးနှင့် ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲကို တင်ပြရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းအတွဲပေါင်း ၇၁၆၀ တွဲကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၃ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၉၄ တွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ဈေးပြိုင်စနစ်ဖြင့် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် တင်ပြရောင်းချသွားမည်ဖြစ်၍ အခြေခံဈေး ယူရိုငွေ ၄၀၀၀ မှ ၂၀၀၀၀၀ ထိ တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ အခြေခံဈေး ယူရိုငွေ ၂၀၀၀၀၁ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်စိမ်းအတွဲများကို ဈေးပြိုင် စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အိတ်ဖွင့်တင်ဒါနှင့် ဈေးပြိုင်စနစ်တို့နှင့် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၄၅၄ တွဲ ယူရိုသန်းပေါင်း ၅၉၅ ဒသမ ၆၁၂၊ ကျောက်မျက်အတွဲပေါင်း ၄၃၆ တွဲ ယူရိုသန်းပေါင်း ၁၉ ဒသမ ၅၀၀၊ ပုလဲ ၃၄၂ တွဲ ယူရိုသန်းပေါင်း ၁ ဒသမ ၈၉၉ တို့ တင်ပြရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲ တင်ပြရောင်းချသွားမည်ဖြစ်ပြီး အခြေခံဈေးအမြင့်ဆုံး ယူရို ၆၀ သန်းဖြင့် တင်ပြရောင်းချမည့် ကျောက်စိမ်း အတွဲမှာ သာယာကြည်နူးဖွယ် ကျောက်မျက်ကုမ္ပဏီက လုံးခင်းဖားကန့် ရတနာနယ်မြေ စဗျိဝမှော်မှ တူးဖော်ထုတ်လုပ်ရရှိသော အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်း အရိုင်းတုံးဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List