Thursday, June 26, 2014

ဦးကိုကိုကြီး ဒီချုပ်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် မသေချာသေး



လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ရွေးကောက် ပွဲဝင်၊ မဝင်အပေါ် မဆုံးဖြတ်ရ သေးကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဦးကိုကို ကြီးက 7 Day Daily အား ပြောကြားလိုက်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှနေ၍ ရွေးကောက်ပွဲ ဝင်မည်ဟု သတင်းများထွက်နေ သည်မှာမှန်ပါသလားဟု 7 Day Daily က ဦးကိုကိုကြီးကို ဇွန်လ ၂၄ ရက်တွင်မေးမြန်းခဲ့ရာ ဦးကိုကိုကြီးက ယခုအချိန်ထိ ဘာမှမဆုံးဖြတ် ရသေးပါဟု ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ် ရာတွင် ပါတီဝင် မဟုတ်သော် လည်းဖြစ်နိုင်ပြီး ရွေးချယ်ရေးမူဝါဒများ နှင့်ကိုက်ညီပါက လက်ခံမည်သာဖြစ်သည်ဟု ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်ဦးဉာဏ်ဝင်းက ပြောသည်။



ဦးကိုကိုကြီးကိုရွေးချယ်ရန် အတွက်လည်း ‘‘မည်သည့်ပြဿ နာမှမရှိဘဲ ဘယ်သူရယ် ဘယ်ဝါရယ် ဟိုအဖွဲ့အစည်းက လှမ်းခေါ် တယ်ဆိုတာမျိုးမရှိပါဘူး။ အဓိက ပါတီရဲ့ရွေးချယ်ရေးမူဝါနဲ့ကိုက်ဖို့ ပဲလိုပါတယ်’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၌ ရှိသင့်သည့် ပညာအရည်အချင်းနှင့် အတွေ့အကြုံ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားဖြစ်မှုတို့အပေါ် အဓိကထား ရွေးချယ်သွားမည်ဟု ဇွန်လ ၈ ရက်တွင်ပြုလုပ်ခဲ့သည့် ပါတီဗဟို ကော်မတီအစည်းအဝေးက ဆုံးဖြတ်ထားသည်။



၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့သည် လွှတ် တော်နိုင်ငံရေး လမ်းကြောင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး အချို့ကအဖွဲ့အစည်းအနေဖြင့် ဆက်လက်လှုပ်ရှားမည်ဟု ပြောကြားထားသော်လည်း မည်သည့်ခေါင်း ဆောင်များက နိုင်ငံရေးလုပ်မည် ကိုမူ ယနေ့အချိန်ထိပြောကြားခြင်း မရှိသေးပေ။နိုင်ငံရေးလုပ်ရန် ဆုံးဖြတ် ထားသည့်သူများအနေဖြင့် သီး သန့်ပါတီတစ်ခုထောင်ရန်အစီ အစဉ်(သို့မဟုတ်)ရှိပြီးသားပါတီ တစ်ခုမှပင် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်မည်လားဆိုသည်ကို စဉ်းစားနေသော်လည်း မဆုံးဖြတ်ရသေးကြောင်း ဧပြီလအတွင်းက 7 Day News Journal နှင့်သီးသန့် တွေ့ဆုံမှုတွင်လည်း ဦးကိုကိုကြီး ကပြောကြားထားသည်။ 

လွှတ် တော်နိုင်ငံရေးလမ်းကြောင်းကိုသာ ဦးကိုကိုကြီးက ဝင်ရောက်မည်ဆိုလျှင် အစိုးရအဖွဲ့၊ အတိုက် အခံပါတီ အားလုံးနှင့် လိုက်လျောညီထွေဗျူဟာကျကျ ဆက်ဆံနိုင်သည့်အတွက် အလားအလာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း လွှတ် တော် ကိုယ်စားလှယ်အချို့နှင့် နိုင်ငံရေးသုံးသပ်သူများက ပြော ကြားထားသည်။




7Day Daily

No comments:

Post a Comment

My Blog List