Wednesday, June 25, 2014

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ ပုဂံတွင် အမှိုက်ကောက်







မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝင်များ၏ လူမှုရေးလှုပ်ရှားမှု ခရီးစဉ်အဖြစ် သွားရောက်ခဲ့သော ပုဂံမြို့တွင် ဇွန်လ ၂၄ ရက်က မြို့ခံများနှင့်အတူ ပလတ်စတစ်ကင်းမဲ့ဇုန် လှုပ်ရှားမှုတွင် ပါဝင်လုပ်အားပေး ခဲ့သည်။

‘‘အစ်မတို့ ဒီခရီးစဉ်စလုပ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းတာနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်ဖြစ်၊ အမှိုက်ကောက်တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာ။ ဒီကဒေသခံတွေနဲ့ တိုင်ပင်တော့ သူတို့လည်း ဒီမှာ ပလတ်စတစ်ကင်းစင်ဇုန်ဆိုပြီး ပုံမှန်လုပ်နေတာ ရှိတယ်။ အဲဒါနဲ့ပဲ အစ်မတို့လည်း ၀င်ပြီး လုပ်အားပေးဖြစ်တာ’’ ဟု မယ်စကြ၀ဠာ(မြန်မာ) National Director ဒေါ်စိုးယုဝေက ပြောသည်။

ယင်းလှုပ်ရှားမှုကို ဇွန်လ ၂၄ ရက်ကအာနန္ဒာဘုရားပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့်အတူ မြို့ခံများ၊ ယွန်းကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပါဝင်ခဲ့သည်။

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ ပြိုင်ပွဲဝင်များ၏ ခရီးစဉ်တွင် ညောင်ဦးဒေသရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လူမှုရေးလှုပ်ရှားမှုအနေဖြင့် သွားရောက်ခဲ့သကဲ့သို့ အလှူငွေများလည်း လှူဒါန်းခဲ့ကြောင်း ဒေါ်စိုးယုဝေက ပြောသည်။
    
‘‘ဒီနေ့ကတော့ ယွန်းပညာကောလိပ်ကို သွားပြီ လေ့လာတယ်။ နောက်ပြီး ဒီဒေသမှာရှိတဲ့ အမျိုးသမီးဝတ်စားဆင်ယင်မှု ပြပွဲကိုသွားပြီး ဒီဒေသက ကလေးတွေကို Miss တွေက ပြပေးတယ်။ လောလောဆယ်တော့ နားနေပြီ။ ပြီးရင်စာသင်မယ်။ Training ၀င်မယ်။ ညနေကျရင်တော့ ပေါ့ပေါ့ပါးပါးပဲ စက်ဘီးလေးတွေနဲ့ မြို့ပတ်မယ်’’ ဟု ဒေါ်စိုးယုဝေက ဇွန်လ ၂၅ ရက် ခရီးစဉ်အကြောင်းကို ပြောသည်။

ဇွန်လ ၂၆ ရက်တွင် ပြင်ဦးလွင်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဇွန်လ ၂၇ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

Miss Universe Myanmar ဆန်ခါတင်မယ်များ လူမှုရေးလုပ်ငန်းများအနေဖြင့် ပုဂံမြို့တွင် အမှိုက်ကောက်နေကြစဉ် (Photo- Thaw Nyein Facebook)

Miss Universe Myanmar ဆန်ခါတင်မယ်များ လူမှုရေးလုပ်ငန်းများအနေဖြင့် ပုဂံမြို့တွင် အမှိုက်ကောက်နေကြစဉ် (Photo- Thaw Nyein Facebook)

မယ်စကြ၀ဠာ(မြန်မာ) ဆန်ခါတင်ပြိုင်ပွဲဝင်တွေရဲ့ လူမှုရေးလှုပ်ရှားမှုအနေနဲ့ ဇွန်လ ၂၂ ရက် နံနက်မှာ ပုဂံမြို့ကို သွားရောက်ခဲ့ပါတယ်။

ပုဂံမှာရှိတဲ့ သရပါဟိုတယ်နဲ့ Amazing Bagan ဟိုတယ်တို့ရဲ့ ဖိတ်ကြားချက်အရ ဒီခရီးစဉ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ဒေသလက်မှုလုပ်ငန်းလက်ရာများ လေ့လာခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ လေ့လာခြင်း၊ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမှာပါ။ ပုဂံမြို့မှာ လေးရက်နေထိုင်ပြီး ပြင်ဦးလွင်မြို့ကိုလည်း ဇွန်လ ၂၆ ရက်မှာ သွားရောက်မှာ ဖြစ်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List