Thursday, June 26, 2014

နိုင်ငံတကာရောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြည်သူ့အင်အားစု အဖွဲ့ဝင်များ ပြည်တွင်းသို့ရောက်ရှိ


၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသူများပါဝင်ဖွဲ့စည်းထားသည့်နိုင်ငံတကာ ရောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြည်သူ့အင်အားစုအဖွဲ့ဝင်များသည် ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့အနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖော်ဆောင်မှုများတွင် အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ ကိုအောင်ကြည်ဦး က ပြောသည်။

“ပြည်ပမှာ သွားရောက်နေထိုင်တယ်ဆိုတာ ကိုယ့်နိုင်ငံကိုမချစ်လို့ မဟုတ်ဘူး၊ အခု ကျွန်တော်တို့ အဖွဲ့ အနေနဲ့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ရေးအတွက် အင်အားစု တစ်ရပ်အနေနဲ့ ပူးပေါင်းပါဝင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ပြည်တွင်းသို့ ကနဦးရောက်ရှိလာသည့် ၎င်းတို့အဖွဲ့မှ ၆ဦးသည် ယမန်နေ့ညနေ ၅နာရီက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ကို သူရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ၄၅မိနစ်ကြာလောက် ဆွေးနွေးဖြစ် ခဲ့ကြပါတယ်” ကိုအောင်ကြည်ဦး က ပြောသည်။

နိုင်ငံတကာရောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြည်သူ့အင်အားစုအနေဖြင့် မီဒီယာများနှင့် တွေ့ဆုံမည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို မနက်ဖြန်တွင် ပြုလုပ်သွားရန်ရှိကြောင်းလည်း သိရသည်။

“ပြည်ပမှာ ကျန်နေသေးတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့အတူ ရှေ့ဆက်ပြီး ကျွန်တော်တို့ လုပ်ဆောင် မယ့်ကိစ္စတွေကို ရှင်းလင်းသွားမှာပါ၊ ကျွန်တော်တို့အနေနဲ့ အစိုးရက လက်ခံရင် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူသွား ဖို့လည်း ရှိပါတယ်” ဟု ကိုအောင်ကြည်ဦး က ဆက်လက်ပြောသည်။

The Myanmar Age

No comments:

Post a Comment

My Blog List