ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကျဆုံးခဲ့ရမှုကြောင့် စိတ်ဓာတ်ကျဆင်း နေကြသည့်အင်္ဂလန် ပရိသတ်များအနေဖြင့် ဖိအားများပြေပျောက်ရန် လိင်ဆက်ဆံသင့်ကြောင်း ဗြိတိန်အစိုးရက တိုက်တွန်းပြော ဆိုလိုက်သည်။
အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှ စောစီးစွာထွက်ခဲ့ရခြင်းသည် ပရိသတ်များအတွက် တစ်မျိုးကောင်းမွန် ကြောင်းလည်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဆိုသည်။
အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်တွင် အဆိုးရွားဆုံးရလဒ်ဖြင့် ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု အဖွဲ့က အင်္ဂလန်ပရိသတ်များအနေဖြင့် စိတ်ပျက်ဝမ်းနည်း မှုများပြေပျောက် စေရန် အကောင်းဆုံးနည်းလမ်းမှာ လိင်ဆက်ဆံခြင်းဖြစ်ကြောင်း ပြောသည်။ လေ့ကျင့် ခန်းပြုလုပ်ခြင်း၊ သီချင်းသီဆိုခြင်း တို့ကိုလည်း ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
အင်္ဂလန်အသင်း နောက်အဆင့်များသို့ တက်ရောက်သွားခဲ့ပါက ကျန်းမာရေးဆိုင်ရာထိုခိုက်မှုများရှိ လာနိုင် သည်ဟုလည်း ထိုအဖွဲ့က ပြောသည်။
၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် အင်္ဂလန်အသင်းက အာဂျင်တီးနားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ၌ နှလုံးရောဂါ heart attacks ဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသူပေါင်း၂၅ ရာခိုင်နှုန်း တိုးခဲ့သည်။
Ref: mid-day
Mizzima Sport News
No comments:
Post a Comment