Sunday, June 28, 2015

ဖမ်းဆီးခံကျောင်းသားများ လွှတ်ပေးရန် ရတနာပုံတက္ကသိုလ်ရှေ့တွင် ကျောင်းသား ၃၀ကျော်ဆန္ဒပြ


မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ရှေ့တွင် ကျောင်းသား ၃၀ကျော်သည် ဖမ်းဆီးထားသည့် ကျောင်းသား များကို အမြန်ဆုံး လွှတ်ပေးရန် ဆန္ဒပြလှုပ်ရှားမှုဇွန်လ ၂၆ရက် နေ့လယ် ၂နာရီခန့် က ပြုလုပ်ခဲ့သည်။ ဖမ်း ဆီးခံကျောင်းသားများ လွှတ်ပေးရန်နှင့် တောင်းဆို ထားသည့် အမျိုးသားပညာရေးဥ ပဒေအချက်(၁၁)ချက် ပြင်ဆင် ပေးရန် ရတနာပုံတက္ကသိုလ်အုတ် တံတိုင်းနေရာများတွင် မှုတ်ဆေး ဖြင့် ရေးသားခဲ့ပြီး ရတနာပုံ ကျောင်းသားများနှင့်ကျောက် ဆည်တက္ကသိုလ်မှ ကျောင်းသား များပါဝင်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကိုနိုင်ရဲဝေက ပြောသည်။

‘‘ပြီးခဲ့တဲ့ ၂၅ရက်နေ့ကလွှတ် တော်မှာ ၂၀၀၈အခြေခံဥပဒေပြင် ဆင်ဖို့ ဆောင်ရွက်တဲ့နေရာမှာစစ် တပ်က ဖျက်လိုဖျက်ဆီးလုပ် တယ်။ အမျိုးသားပညာရေးဥပဒေ ကိုလည်း လွှတ်တော်က ကတိ တွေပေးပြီး ပြင်ဆင် မပေးတဲ့အ တွက်ကြောင့် ကျွန်တော်တို့ အခု လိုတောင်းဆိုရတာပါ’’ဟု ကိုနိုင် ရဲဝေကပြောသည်။

ယင်းဆန္ဒပြပွဲတွင် မန္တလေးရ တနာပုံတက္ကသိုလ်ကျောင်းသား များနှင့် ကျောက်ဆည်တက္ကသိုလ် ကျောင်း သား ၃၀ခန့် ပူးပေါင်းပါဝင်ပြီး ကျောင်းရှေ့ဝင်ပေါက်အုတ်တံ တိုင်းများနှင့်ကျောင်းရှေ့ကတ္တရာ လမ်းမများ ၌ ၁၀း၁၀ချက်ချင်း လွှတ်၊ Free ဇင်ကိုသန့်၊ စစ်တစ်ပိုင်းအစိုးရကျဆုံးပါစေစသည့် စာသားများကို မှုတ်ဆေး ဖြင့် ရေးသားခဲ့ကြသည်။

မန္တလေးမြို့တွင် ဇွန်လ ၁၅ ရက်ကလည်း သာယာဝတီ ထောင်၌ ဖမ်းဆီးခံရသည့် ကျောင်းသားများ လွတ် မြောက် ရေးနှင့် တောင်းဆိုထားသည့် အ မျိုးသားပညာရေးဥပဒေအချက် ၁၁ချက်ပြင်ဆင်ပေးရန် မန္တလေး မြို့ ဈေးချိုတော်အရှေ့ဘက် ခုံးတံတားအနီးဆန္ဒပြခဲ့သည့် ကျောင်းသားငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ သည်။

ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွှတ်ပေးရေး ရတနာပုံတက္ကသိုလ်ရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ် 
7Day Daily


No comments:

Post a Comment

My Blog List