Thursday, July 02, 2015

နိုင်ငံတော်သမ္မတကို တစ်ကိုယ်တော် ဆန္ဒပြသူအား ထောင်ဒဏ် ၂ နှစ်ချမှတ်


နိုင်ငံတော်သမ္မတကို ဝေဖန်ရေးသားသည့် စာသားပါ အင်္ကျီဝတ်ဆင်၍ တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်ခဲ့သူ ကိုဝင်းလှိုင်အား သာယာဝတီမြို့နယ် တရားရုံးက ဇူလိုင် ၁ ရက်တွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

တစ်ကိုယ်တော် ဆန္ဒဖော် ထုတ်သူ ကိုဝင်းလှိုင်သည် ပြီးခဲ့သည့် မေလ ၁၂ ရက်က သာယာ ၀တီတရားရုံး ၌ ဖမ်းဆီးခံကျောင်း သားများနှင့်  ၀န်းရံပြည်သူများ ရုံးထုတ်စဉ် တစ်ကိုယ်တော်ဆန္ဒ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင် ‘‘ဥပဒေအထက်မှာ သိန်းစိန်ရှိတယ်။  သိန်းစိန်အထက် မှာ ငရဲပြည်ရှိတယ်’’ စာသားပါအင်္ကျီကို ၀တ်ဆင်ဆန္ဒပြခဲ့ခြင်းကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုကာ သာယာဝတီမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချတယ်။ ဆန္ဒဖော်ထုတ် တာကို ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲပြီး ပြစ်ဒဏ် အများဆုံးထောင် ၂ နှစ်ချတာ ပြင်းထန် လွန်းတယ်’’ဟု ကိုဝင်းလှိုင်အမိန့်ချရာသို့ သွား ရောက်နားထောင် ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်း ထိုက်အောင်က ပြောသည်။

ကိုဝင်းလှိုင်ကို  မေလ ၂၅ ရက်တွင် ပြည်မြို့နေအိမ်၌ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခဲ့ကြောင်း၊ တစ်လ ကျော်ကာလအတွင်း သာယာဝတီမြို့နယ်တရားရုံးတွင် ရုံးချိန် ငါးကြိမ်တက်ခဲ့ရကြောင်း၊ တရားရင်ဆိုင်ရာတွင် ကိုဝင်းလှိုင်ဘက်က ရှေ့နေမငှားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းမူက ပြောသည်။

ကိုဝင်းလှိုင်သည် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖြုတ်ချ ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်၊ ဖမ်းဆီးခံလယ်သမား၊ အလုပ်သမားများနှင့်    ကျောင်းသားများ လွှတ်ပေးရန်၊ တစ် ကိုယ် တော်ဆန္ဒ ပြမှုများကြောင့် ပုဒ်မ ၁၈ ဖြင့် ခုနစ်မှု၊ မြစ်ဆုံစီမံကိန်းရပ်တန့် ရန်   ဆန္ဒဖော်ထုတ်မှုနှင့် အစိုးရဖြုတ်ချပေးရန် ဆန္ဒဖော်ထုတ်မှုတို့ တွင် ပုဒ်မ ၁၉ ဖြင့် နှစ်မှု၊ စုစုပေါင်း ကိုးမှုကို ပြည်မြို့နယ်တရားရုံး တွင် ဆက်လက်အမှု ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day News Journal


No comments:

Post a Comment

My Blog List